Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြန်

ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မှုတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းမြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ကယနေ့(ဖေဖော်ဝါရီ ၁၄ရက်)ထုတ်ပြန်လိုက်သည်။

အီယိုရီ/People’s Spring

ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မှုတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းမြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ကယနေ့(ဖေဖော်ဝါရီ ၁၄ရက်)ထုတ်ပြန်လိုက်သည်။

အာဂျင်တီးနား မြို့တော် ဗျူနိုအေရိစ်ရှိ တရားရုံးက ယမန်နေ့တွင် မင်းအောင်လှိုင်နှင့် အခြားသော မြန်မာစစ်တပ်အရာရှိများအား ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် နိုင်ငံတကာဖမ်းဝရမ်းများထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဆီဦးတည်တဲ့ သမိုင်းဝင်ခြေလှမ်းဖြစ်သလို မြန်မာစစ်တပ်အောက်မှာ (ဒုက္ခတွေ)ခံစားနေကြတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက်လည်း ဖြစ်ပါတယ်”ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

BROUK အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction)ဖြင့် အာဂျင်တီးနားတရားရုံးသို့ ၂၀၁၉ခုနှစ်တွင် အမှုတင်သွင်းခဲ့ဖြစ်ပြီး ထိုစဥ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(လက်ရှိစစ်အာဏာသိမ်းခေါင်းဆောင်)၊ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် အခြားစစ်တပ်အရာရှိ ၂၃ဦးကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ခေါင်းဆောင်နှစ်ဦးနှင့် အရာရှိများသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာကို တိုက်ခိုက်မှုအတွင်း သတ်ဖြတ်မှုများ၊ အဓမ္မကျင့်မှုများအတွက် တိုက်ရိုက်စေခိုင်းကျူးလွန်သူများဖြစ်ကြောင်း BROUK က ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရှေ့နေချုပ် ကာရင်မ်ခမ်းကလည်း ICC က ဖမ်းဝရမ်းထုတ်ရန် အမှုဖွင့်တိုင်ကြားထားသည်။

ICC ရုံးတော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် စီရင်ချက်မချရသေးသော်လည်း ယခုအာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုက အလိုအလျောက်ဖမ်းဝရမ်းထုတ်ပြန်ရန် အစပျိုးမှုဖြစ်ကြောင်း BROUK က ဖော်ပြသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။ ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook