Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တွင်လေကြောင်းအန္တရာယ်ကြောင့်အသံချဲ့စက်လုံးဝမဖွင့်ရန်၊ သာရေးနာရေးကိစ္စများ အကျဉ်းချုန်းပြုလုပ်ရန်ပအဖသတိပေး

ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

ကလေးမြို့နယ်၊တင်သားရွာကိုဇန်နဝါရီ ၃၁ ရက် က စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သဖြင့်အပျက်အစီးများကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ

ကဖေး/People’s Spring

ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ၁၂ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး လုံခြုံရေးသတိဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြရန်တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ဇန်နဝါရီလကုန်ပိုင်းမှစ၍ ကလေးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေခြင်းဖြစ်သည်။ ဇန်နဝါရီလ၃၁ရက်နှင့် ဖေဖော်ဝါရီလ၂ရက်က လေကြောင်းတိုက်ခိုက်မှုတွင် မိသားစုလိုက်သေဆုံးသူငါးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၄ရက်အထိ ၃ရက်အတွင်း စစ်ကောင်ရှိသည် ကလေးမြို့နယ်အတွင်း Y12လေယာဉ်ဖြင့် ဗုံးအလုံး ၁၃၀ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာဖြင့်လည်း တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း အဆောက်အအုံများပျက်စီးခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​တော်လှန်ရေးအဖွဲ့များတိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်မဟုတ်သည့်အရပ်သားနေထိုင်ရာကျေးရွာများကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်
သည်။

ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို​ ဖေဖော်ဝါရီလ၁၁ရက်နေ့တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်​နေ့တွင် သိမ်းပိုက်ခဲ့သည်။

လက်ရှိဒေသတွင်းအခြေအနေအရလုံခြုံရေးသတိအထူးဂရုစိုက်ကြရန်နှင့် လေကြောင်းအန္တရာယ် သတိပြုကြရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“မြို့ထဲဘက်ကတော့ အခြေအနေက စောင့်ကြည့်နေရတယ်။လေကြောင်းကတောက်လျှောက်တက်နေတယ်။ ဒီအချိန်မှာ အသံချဲ့စက်ဖွင့်တာကအစ လူတွေရဲ့အသက်အန္တရာယ်နဲ့တိုက်ရိုက်ဆိုင်လာတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

လေကြောင်းတိုက်ခိုက်ခံရပါကထိခိုက်မှုအနည်းဆုံးဖြစ်စေရေးကာကွယ်နေထိုင်ရန် အချက်များ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင် ထပ်မံထုတ်ပြန် သတိ ပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားရန်၊ အနီးဆုံးအကာအကွယ်ကိုရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန်၊ နေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်းဝင်နေရန်နှင့် ကြိုတင်ပြင်ဆင် ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင်စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေရန် သတိပေးထားသည်။

အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်) တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ရန်၊ ပေါက်ကွဲမှုအသံနှင့် တုန်ခါမှုကြောင့် နားစည်ကိုထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ရန်၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရေး မျက်စိမှိတ်ထားရန်နှင့် ပေါက်ကွဲမှု၏ ပြင်းအားနှင့်လေဖိအားကြောင့်အဆုတ်ကိုထိခိုက်မှုနည်းစေရန် ပါးစပ်ကို အနည်းငယ်ဟထားရန် ဖော်ပြထားသည်။

စစ်ကောင်စီသည်ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ကရင်၊ ချင်း အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာလျက်ရှိပြီး ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် နေသည်။ လေကြောင်း တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များထက် ဆေးရုံ၊စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊နေအိမ်များ၊ စစ်​ရှောင်စခန်းများစသည့် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။