Connect with us

Hi, what are you looking for?

သတင်း

လေ‌ကြောင်းတိုက်ခိုက်ခံရစဉ် ရှောင်ရန်အချက်များနှင့်နေအိမ်စွန့်ခွာရပါက ဆောင်ရွက်သင့်သည်များ NUGကာကွယ်ရေး ထပ်မံအသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရန် ၊ရှောင်ရန်အချက် များကို ယခုရက်ပိုင်းအတွင်း အပိုင်းလိုက် အသိပေးထုတ်ပြန်လျှက်ရှိရာ လေကြောင်း တိုက်ခိုက်ခံရစဉ် ရှောင်ရန်အချက်များနှင့် နေအိမ်များ စွန့်ခွာရပါက ဆောင်ရွက်သင့်သည့် အချက်များအကြောင်း ယမန်နေ့နှင့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် အသိပေးထုတ်ပြန်သည်။

ကလေးမြို့နယ်၊ တင်သားကျေးရွာကို ဇန်နဝါရီ ၃၁ ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အပျက်အစီးများ တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရန် ၊ရှောင်ရန်အချက် များကို ယခုရက်ပိုင်းအတွင်း အပိုင်းလိုက် အသိပေးထုတ်ပြန်လျှက်ရှိရာ လေကြောင်း တိုက်ခိုက်ခံရစဉ် ရှောင်ရန်အချက်များနှင့် နေအိမ်များ စွန့်ခွာရပါက ဆောင်ရွက်သင့်သည့် အချက်များအကြောင်း ယမန်နေ့နှင့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ရှောင်ရန် အချက်များကို ဖော်ပြထားရာ လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ထွက်မပြေးရန်၊ လေကြောင်းတိုက်ခိုက်မှုကို စူးစမ်းလိုစိတ်ဖြင့် ထွက်ကြည့် ခြင်း၊ ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်ခြင်း မပြုလုပ်ရန်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လုံခြုံရေးကိုသာ အထူးဂရုစိုက်သင့်ပြီး စူးစမ်းလိုစိတ်ကြောင့် အသက်န္တရာယ် ဖြစ်တတ်သည်ကို သတိပြုရန် သတိပေးထားသည်။

မာကျောသော နံရံများ၊ သံမံတလင်း(မြေကြီး)ကို မှီနေခြင်း၊ ကပ်နေခြင်းသည် တုန်ခါမှုကြောင့် ဒါဏ်ရာရ ထိခိုက်နိုင်သောကြောင့် နံရံများ၊ မာကျောသောအရာများနှင့် ခပ်ခွာခွာနေရန် ဖော်ပြသည်။

ပြတင်းပေါက်မှန်များသည် ပေါက်ကွဲမှုကြောင့်လွင့်စင်လာပြီး အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ပြတင်းပေါက်များအနီးတွင် မနေရန်၊ အဆောက်အအုံများအတွင်းမဟုတ်လျှင် လူအများအပြား စုပြုံနေပါက ပစ်ခံရနိုင်ချေများသောကြောင့် တတ်နိုင်သမျှ လူစုလူဝေးနှင့် မနေရန် အကြံပြုထားသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုပြီးဆုံးချိန်တွင် ဆောင်ရွက်ရန် အချက်များမှာ လေကြောင်းတိုက်ခိုက်မှု လုံးဝငြိမ်သွားသည့် အချိန်ကျမှ မိမိတို့ ပုန်းအောင်းရာနေရာမှထွက်ရန်၊ လက်ရှိ ပုန်းအောင်နေသောနေရာသည် လုံခြုံသည့် နေရာမဟုတ်ပါက လုံခြုံသည့်နေရာသို့ သွားရန်၊ ရပ်ရွာအတွင်း ကြိုတင်သတ်မှတ်ထားသော စုရပ်စုံရပ်များကို သွားရန်၊ အခြားလုံခြုံသော နေရာသို့ထပ်မံရွေ့ပြောင်းရန် လို၊မလို သတင်းရယူ ဆောင်ရွက်ရန်အချက်များလည်း ဖော်ပြသည်။

ထို့ပြင် နေအိမ်များကို စွန့်ခွာရပါက ဆောင်ရွက်သင့်သည့် အချက်များကို ထုတ်ပြန်ခဲ့ရာ နေအိမ်ရှိ မီးခလုတ်များကို ပိတ်ထားရန်နှင့် မိန်းခလုတ်များကို ချရန်၊အချိန်ရပါက ရေတိုင်ကီများ၊ ရေစည်များကို ရေဖြည့်ထားခဲ့ရန်၊ တန်ဖိုးကြီးပစ္စည်းများ ရှိပါက နေအိမ်တံခါးသော့များကို ပိတ်ထားခဲ့ရန်၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ နေအိမ်တံခါးများကို ဖျက်ဆီးထားခဲ့သည့် နမူနာများ ရှိသည့် အတွက် အခြားအဖိုးတန်ပစ္စည်းများ မကျန်ရှိပါက တံခါးများကို စေ့ပိတ်ထားခဲ့ရန် ဖော်ပြသည်။

နေအိမ်တွင် အခြားအရေးကြီး ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ကျန်ရှိနေပါက စဉ့်အိုး၊ ပလတတ်စတစ်ပုံး စသည်တို့တွင် ထည့်၍ မြေတွင်းတူပြီး မြှုပ်နှံထားခဲ့ရန် (သို့)လုံခြုံသော နေရာတွင် ထားခဲ့ရန် အကြံပြုထားသည်။

ရှောင်တိမ်းမည့်နေရာသို့ သွားရောက်ရာတွင် မိသားစုဝင်များ အချင်းချင်း အဆက်အသွယ် မပြတ်စေရန် (အထူးသဖြင့်) ကလေးငယ်များကို ဂရုစိုက်၍ ခေါ်ဆောင်သွားရန်၊မိသားစုများ ပြန်လည်ဆုံဆည်းနိုင်မည့် စုရပ် (အနည်းဆုံး) နှစ်ခု ကို သတ်မှတ်ထားရန်၊ မိသားစုဝင်များ၏ အမည် နှင့် ဖုန်းနံပါတ်များ၊ သွေးအုပ်စုများကို လက်မောင်းပေါ်တွင် ရေးမှတ်ထားရန် ဖော်ပြထားသည်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများ ကြုံနေရသည့်စစ်ကောင်စီသည် ဒေသအသီးသီးတွင် လေကြောင်း၊ လက်နက်ကြီး နှင့်ဒရုန်း တိုက်ခိုက် များကို ပြည်သူနေထိုင်ရာနေရာများသို့ ပစ်မှတ် ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူသေဆုံးထိခိုက်မှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။