Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ယူလာပြီး KNU ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၇၃)တပ်ရင်းလက်အောက်ခံ စခန်းဖြစ်သော သပြေညွှန့်စခန်းမှ စစ်ကောင်စီတပ်သား ကိုစိုးသူဆိုသူသည် လက်နက် ၁လက်နှင့် ကျည်ဆံများယူလာပြီး KNU တပ်ရင်း(၈)ထံ လက်နက်ချလာခြင်းဖြစ်သည်ဟု ဖော်ပြသည်။ အလင်းဝင်လာသည့် နေ့ရက်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

အဆိုပါအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို မုန်းမြို့နယ်တာ၀န်ရှိ ခေါင်းဆောင်မှ ဂုဏ်ပြုငွေ(၁၀)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူများနှင့်အတူ ပူး‌ပေါင်းကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမည့် မည်သူ့ကို မဆို နွေးထွေးစွာ ကြိုဆိုကြောင်းလည်း KNUက တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီလဆန်းကလည်း KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)ထံသို့ စစ်ကောင်စီ တပ်သား ၄ဦး လက်နက်များယူလာပြီး အလင်းဝင်လာခဲ့သည်။ လက်နက် ၃လက်နှင့် ကျည်များ ယူလာသည့် အဆိုပါ စစ်ကောင်စီတပ်သားများကိုလည်း KNUက တစ်ဦးလျင်ကျပ် ၁၀သိန်းစီ ဆုငွေပေးအပ်ခဲ့သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများသည် စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံနေရသူများဖြစ်သည်ဟုဆိုသည်။

ထိုသို့ မိမိဆန္ဒ သဘောထားမပါဝင်ဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးအတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများ အနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ရန်လည်း KNU ဗဟိုက တိုက်တွန်း အသိပေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၁၀ရက်တွင်ကြေညာချက် ထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းခံရသည့် လူငယ်လူရွယ်များ အနေဖြင့် စစ်သင်တန်းတက်နေစဉ်ဖြစ်စေ၊ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင် ဖြစ်စေ အခြေအနေ ပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေးအဖွဲ့များ(PDF၊ ပကဖ၊ ပအဖ၊ ပလဖနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ)ထံ ဆက်သွယ်၍ အမြန်ဆုံးဘက်ပြောင်းခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားပြီး လက်နက်ခဲယမ်းများ ပါလာပါက ထိုက်တန်သည့် ဆုကြေးငွေများ ပေးအပ်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။