Connect with us

Hi, what are you looking for?

သတင်း

ကပစများအခြေစိုက်သည့် ပန်းတောင်းမြို့နယ်မှ စစ်စခန်းအချို့ AA နှင့်မဟာမိတ်များတိုက်ခိုက်

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

AA က မိုးထိ​တောင်စခန်းကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

■အင်အား၂၀၀ ကျော်ဖြင့်ခုခံနေသော ပုဂံကွဲစခန်းကို​တော်လှန်​ရေးတပ်များသိမ်းပိုက်

ကဖေး/People’s Spring

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ပန်းတောင်းမြို့နယ်မှ ညောင်ကျိုးစခန်း နှင့် ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလဆန်းမှစတင်၍ AAက တိုက်ခိုက်နေခြင်းဖြစ်ပြီး ခံစစ်အခိုင်အမာပြင်ထားသော ပုဂံကွဲစခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

” အခုတိုက်နေတဲ့နေရာတွေက ကပစနဲ့လည်း အရမ်းမဝေးသလို ဧရာဝတီတိုင်း၊ ရခိုင်နဲ့ ပဲခူးတိုင်း နီးစပ်တဲ့နေရာတွေဖြစ်တယ်။ စစ်ကောင်စီက စခန်းတွေကနေဆုတ်ခွာပြီး ကပစတွေမှာ သွားထိုင်တာတွေလည်းကြားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသဖြစ်သော ပန်းတောင်းမြို့နယ်ထဲ၌ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံကပစ (၃)၊ ကပစ (၅)၊ ကပစ (၉) တို့ရှိသည်။

AAနှင့်ပူးပေါင်းတပ်များသည်တောင်ကုတ်မြို့နယ်နှင့်ထိစပ်နေပြီး ပန်းတောင်းမြို့နယ်နှင့်နီးသောရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင်တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ထပ်စခန်းများကိုတိုက်ခိုက်နေခြင်းဖြစ်သည်။မိုးထိတောင်စခန်းသိမ်းတိုက်ပွဲသည်ငါးရက်ခန့်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီထံမှ စစ်အသုံးအဆောင်၊လက်နက်ခဲယမ်း ၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုAAကသတင်းထုတ်ပြန်ခဲ့သည်။

အာရက္ခတပ်​တော်က ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိစစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရခိုင်ပြည်နယ်စပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းတွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေကြောင်း AAကဇန်နဝါရီလ(၂၇)ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ဒီရက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်က ညဘက်တွေမှာလည်းလေကြောင်းကပစ်တယ်။အထိအခိုက်တွေများလို့လူနာတင်ကားတွေတော်တော်သုံးတယ်။ဒေသခံတွေကတော့သွားရေးလာရေးတော်တော်သတိထားနေရတယ်”ဟုပန်းတောင်းမြို့ခံတဦးကပြောသည်။

AAနှင့် ပူးပေါင်းတပ်များသည် လက်ရှိတွင် ဧရာဝတီတိုင်းရေကြည်မြို့နယ်အတွင်းရှိ ‌အမြောက်တပ်(၃၄၄)ကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်အတွင်းတွေလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။