Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးခြိမ်းခြောက်မှုကြောင့် အမေရိကန် ခရီးသည်တင် လေယာဉ် အီတလီမှာ အရေးပေါ် ဆင်းသက်ဖို့ လမ်းကြောင်းပြောင်း ပျံသန်းနေ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကနေ အိန္ဒိယရဲ့ နယူးဒေလီဆီ ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဗုံးခြိမ်းခြောက်မှု တစ်ခုကြောင့် အရေးပေါ် ဆင်းသက်ဖို့ အီတလီကို လမ်းကြောင်းပြောင်း ပျံသန်းနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကနေ အိန္ဒိယရဲ့ နယူးဒေလီဆီ ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဗုံးခြိမ်းခြောက်မှု တစ်ခုကြောင့် အရေးပေါ် ဆင်းသက်ဖို့ အီတလီကို လမ်းကြောင်းပြောင်း ပျံသန်းနေတယ်လို့ သိရပါတယ်။

အမေရိကန် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် AA292 လေယာဉ်ပေါ်မှာ ဗုံးပါလာတယ်ဆိုတဲ့ သတင်းပေးမှု တစ်ခုကို လက်ခံ ရရှိတဲ့နောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က အဲဒီလေယာဉ်ဟာ ရောမမြို့ဆီ လမ်းကြောင်းပြောင်း ပျံသန်းခဲ့တာပါ။

Boeing 777-300ER အမျိုးအစား လေယာဉ်ဟာ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်လာတဲ့နောက် လမ်းခုလတ် အရောက်မှာ လေယာဉ်ပေါ် ဖောက်ခွဲရေးပစ္စည်း တစ်ခု ပါလာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းပေးပို့မှုကို လေယာဉ် အမှုထမ်းတွေ လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လေယာဉ်အမှုထမ်းတွေဟာ သတ်မှတ်ထားတဲ့ လုံခြုံရေး စံနှုန်း စည်းမျဉ်းတွေနဲ့အညီ ချက်ချင်း တုံ့ပြန်ပြီး အရေးပေါ် ဆင်းသက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျံသန်းမှု လမ်းကြောင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြတဲ့ AirNav Radar ဝက်ဘ်ဆိုက်မှာတော့ အဲဒီ လေယာဉ်ဟာ မြေထဲပင်လယ် အထက်မှာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ရောမမြို့ဖက် ပျံသန်းသွားတာ တွေ့ရှိရပါတယ်။

မျက်မြင်တွေကတော့ ရောမမြို့ရဲ့ ဖျူမီစီနို လေဆိပ်မှာ ဗုံးရှင်းလင်းရေး အဖွဲ့တွေ၊ လုံခြုံရေး အရာရှိတွေနဲ့ မီးသတ်ကားတွေက အသင့်စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။ လေယာဉ်ပေါ်မှာ အမှန်တကယ် ဗုံးပါလာသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုလို အထိတ်တလန့် ဖြစ်စဉ်မှာ ခရီးသည်တွေ ဒဏ်ရာရတာမျိုး ရှိသလား ဆိုတာကိုလည်း မသိရသေးပါဘူး။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ဘယ်လောက် ပါလာသလဲ ဆိုတာကိုလည်း လေကြောင်းလိုင်းက မထုတ်ပြန်သေးပါဘူး။

လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ယောက်ကတော့ ခရီးသည်တွေရဲ့ လုံခြုံရေးဟာ ဦးစားပေး ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဖျူမီစီနို လေဆိပ်ဟာ အခုလို အရေးပေါ် အခြေအနေတွေကို တုံ့ပြန်ကိုင်တွယ်ဖို့ လုံလောက်တဲ့ နည်းပညာနဲ့ အရင်းအမြစ်တွေ ကြိုတင်စီစဉ် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

လေကြောင်းလိုင်းတွေမှာ ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်သတင်းပေးတဲ့ ဖြစ်စဉ်တွေဟာ နောက်ပိုင်းနှစ်တွေမှာ သိသိသာသာ လျော့ကျသွားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက အိန္ဒိယ နိုင်ငံရဲ့ လေယာဉ်တွေနဲ့ လေဆိပ်တွေမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းမှား ပေးပို့မှုတွေ ထောင်နဲ့ချီ လက်ခံရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ခရီးသည်တင် လေယာဉ်တချို့ လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ရတာ၊ တိုက်လေယာဉ်တွေ ခြံရံလိုက်ပါ စောင့်ကြည့်မှု ခံရတာတွေပါ ကြုံတွေ့ခဲ့ကြပါတယ်။

ကိုးကား: Aviation Source News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာ စစ်တပ်ကစနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီနိုင်ငံက ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီတလီနိုင်ငံ၊ မီလန်မြို့ထဲမှာ လျှပ်စစ်ရထား လမ်းချော်မှုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။