Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ဖြစ်

ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့ ထိခိုက်သေဆုံးမှုများပြားနေကာ လေကြောင်းမှလည်းနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

AA တပ်ဖွဲ့ဝင်များ နှင့် ဓညဝတီ​ရေတပ်စခန်းကို ဂြိုလ်တုပုံတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

အိမ်သွင်/People’s Spring

ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့ ထိခိုက်သေဆုံးမှုများပြားနေကာ လေကြောင်းမှလည်းနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က ဖေဖော်ဝါရီလ၂၁ရက်နေ့ညတွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

“တိုက်ပွဲပြင်းထန်နေတာက ဦးကင်းရွာမှာ။အဲဒီရွာမှာကဓညဝတီကာကင်းစခန်းရှိတယ်။ AAက ဝင်တိုက်တော့ ဆုတ်ပြေးတယ်ကြားတယ် ။ ဖိုက်တာကတော့နှစ်ရက်ဆက်ပစ်တာ”ဟုကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုတွင်အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်းသတင်းကြားရသော်လည်း အ​သေးစိပ်ကိုမူမသိရသေးပေ။ ဥကင်းရွာမှဒေသခံများကို စစ်ကောင်စီကထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။

ဦးကင်းရွာကို စစ်​ကောင်စီကဖေ‌ဖော်ဝါရီလ ၂၅ ရက် ​ညနေနှင့်ယ​နေ့​(ဖေ​ဖော်ဝါရီလ ၂၆ ရက်) ​နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်ရှောက်ချောင်းနှင့် စိုင်ခြုံကျေးရွာကိုလည်း ဖေဖော်ဝါရီလ၂၃ရက် ည‌ ၇နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရရှိသည်။

မြေပြင်တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုများပြားနေသည့်စစ်ကောင်စီတပ်က ကျောက်ဖြူတိုက်ပွဲ၌ လေကြောင်းကိုပိုမိုအသုံးပြုလာသလို ဧရာဝတီတိုင်းဘက်မှ စစ်သင်္ဘောအချို့လည်း ကျောက်ဖြူပင်လယ်ပြင်အတွင်း ရောက်ရှိလာသည်ကိုတွေ့ရသည်ဟု ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်တွင်ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်း နှင့် အုန်းကျွိန်ရေတပ် စခန်းတို့ရှိသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းမှစ၍ ထိုနေရာသုံးခုမှ ဘေးပတ်ဝန်းကျင်ရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ကာပီချောင်း၊ ပေါင်းနက်ချေ၊ ကြက်တောပြင်ရွာအပါအဝင် ဆယ်ရွာထက်မနည်းမှဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟုကျောက်ဖြူမြို့ခံများထံမှသိရသည်။

ကျောက်ဖြူမြို့တွင် တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနေရာများရှိနေသည်။ တရုတ်အစိုးရ၏ စီမံကိန်းနေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ် မသိရသေးပေ။ စစ်တွေ နှင့် ကျောက်ဖြူမြို့နယ်တိုက်ပွဲတွင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ မထိခိုက်အောင် AAက သတိထား၍ စစ်ရေးဖော်ဆောင်နေရသည်ဟုAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်အချို့ကပြောသည်။

AA က ရခိုင်ပြည်နယ်တွင် မြို့နယ်​ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်​တွေ၊​ကျောက်ဖြူ နှင့် သံတွဲ မြို့နယ် သုံးမြို့နယ်သာသိမ်းပိုက်ရန် ကျန်ရှိ​တော့သည်။ ​ဖေ​ဖော်ဝါရီလတွင် စစ်​တွေမြို့နယ်တွင်​ရော၊​ကျောက်ဖြူမြို့နယ်တွင်ပါ စစ်တပ်စခန်းများကို AA ကစတင်တိုက်ခိုက်လာပြီဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်​နေ​သော ဧရာဝတီ၊ ပဲခူး၊ မ​ကွေးတိုင်းအစပ်တို့တွင်လည်း AA က စစ်တပ်စခန်းများ၊တပ်ရင်းများ၊ စစ်ကူထပ်လာ​သောစစ်​ကြောင်းများကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။