Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေနှင့်ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားငါးဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၁ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့ ညောင်ရွှေမြို့စံကားအင်း အနောက်ကမ်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်နေစဉ်။ ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၁ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း လက်နက်ကြီး ၊ လေကြောင်းနှင့် ဒရုန်းဖြင့် အကြိမ်ရေ ၈၀ထက်မနည်း ပစ်ခတ်မှုကို စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ PNA ပြည်သူ့စစ်တို့က အင်းလေးဒေသနှင့် နန်းတုတ်ကျေးရွာတို့ကို ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှု‌များကြောင့်အရပ်သား ငါးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် မီးလောင်ဗုံးကြောင့် နေအိမ်များမီးလောင်ကျွမ်းမှုများရှိခဲ့‌ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသည့် အရပ်သားများတွင် (၁၀)နှစ်အရွယ်ကလေးငယ်ပါဝင်ပြီး ထိခိုက်ပျက်စီးသည့် အဆောက်အအုံများတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၂၄လုံး တို့ပါဝင်ကြောင်း ဖော်ပြထားသည်။

“အခု အင်းလေးဘက်က ရေပူ(ထီးခို)နဲ့တောင်ပို့ကွဲဘက်ကို စကစစစ်ကြောင်းမထိုးခင်မှာ ဒေသခံတွေကို နှင်ထုတ်တယ်။ဒါပေမယ့် ဒေသခံတွေက ရသလောက် တောင့်ခံပြီး မထွက်ဘူး။အဲဒါလိုဖြစ်လို့ တမင် သတ်သတ်ကို အရပ်သားရှိလျက်နဲ့ ရွာတွေထဲ ကို လက်နက်ကြီးရော လေကြောင်းနဲ့ပါ စစ်အုပ်စုက တိုက်တာ။အခုတော့ ဒေသခံတော်တော်များများ စစ်ရှောင်နေရပါပြီ”ဟု ရှမ်းတောင် အခြေစိုက် စစ်ရှောင်ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများအနက် လက်နက်ကြီး အသုံးပြုမှု ၆၁ ကြိမ်၊ဒရုန်းဖြင့်အကြိမ် ၂၀ ၊လေကြောင်း မှ ဗုံးကြဲမှု ငါးကြိမ်နှင့် မီးလောင်ဗုံးအသုံးပြုမှု တစ်ကြိမ်ရှိကြောင်းလည်း အသိပေးသည်။

ဇန်နဝါရီအတွင်းကလည်း ညောင်ရွှေနှင့် ပင် လောင်းမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်၍ ဒေသခံ ၃ ဦး သေဆုံးကာ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် PNAသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဘုရားတောင်၊ရေပူ၊ညောင်လေးပင် နှင့် နန်းတုတ် ဒေသတစ်လျှောက်ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များထိမှန် ပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးက ယနေ့(မေ ၃ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့ စစ်၏ ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီနှင့် PNAပြည်သူ့စစ်တို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။