Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNAပြည်သူ့စစ် အထိနာပြီး ပြန်ဆုတ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီနှင့် PNAပြည်သူ့စစ်တို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များက လူထုနွေဦးသို့ ပြောသည်။

PNAပြည်သူ့စစ်မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNA

ဧပြီ ၇၊၂၀၂၅။ ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီနှင့် PNAပြည်သူ့စစ်တို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၆ ရက်)ရက်က ရေပူကျေးရွာ၏ အရှေ့ဘက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ PNA ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

” မနေ့က မနက်ရေပူကျေးရွာအရှေ့ဘက်မှာ တိုက်ပွဲဖြစ်တယ်။လေယဉ်နဲ့နှစ်ခေါက်ကြဲပြီးစက်သေနတ်နဲ့ ပတ်ပစ်တယ်”ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) မှ ပြောရေး ဆိုခွင့်ရှိသူ ကိုအင်းသွေးနီက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် PNA တပ်သား ခြောက်ဦးထက်မနည်း သေဆုံးနိုင်ပြီး ထိခိုက်သူများ၍ ၎င်းတို့မူလတပ်စွဲရာ ထီရီးရွာသို့ ပြန်ဆုတ်သွားကြောင်း အသိပေးသည်။

“တိုက်ပွဲပြီးတော့ လူနာတွေတင်သွားတာတွေ့လိုက်တယ်။ PNO တွေအများကြီး သွား လိုက်ပြန်လိုက်လုပ်နေတာ လနဲ့ချီနေပြီ သူတို့တက်တိုင်းခံရတာချည်းပဲ”ဟု ထီရီးရွာနေသူတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ်ကို စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု PNO/PNA ပြည်သူ့စစ်က ဧပြီ ၆ရက်က ကြေညာခဲ့သည်။

ညောင်ရွှေမြို့နယ်သည် ငလျင်ဒဏ်ခံစားခဲ့ရပြီး သေဆုံးသည့်ဒေသခံ ၁၀၀ထက်မနည်းရှိသော်လည်း PNAသည် ၎င်းတို့ဆုံးရှုံးထား သော နယ်မြေများကို ပြည်သူများခက်ခဲနေချိန် အခွင့်ကောင်းယူ၍ ထိုးစစ်ဆင်ရန် ကြေညာခြင်းဟု တော်လှန်ရေးအဖွဲ့အချို့က ဝေဖန်ထားသည်။

စစ်ကောင်စီတပ်နှင့် PNA၏ ထိုးစစ်ဆင်မည့် ကျေးရွာများမှာ ညောင်ရွှေမြို့နယ်တောင်ပိုင်း၊အင်းလေးဒေသ အောက်ဘက်ခြမ်းရှိ စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာနှင့် ညောင်လေးပင်ရွာ တို့ဖြစ်သည်။

၂၀၂၂ကစ၍ PNO/PNA သည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး ၎င်း၏ နယ်မြေဖြစ်သည့် အထူးဒေသ(၆)မှ လူငယ်၊လူရွယ်များကို အတင်းအဓမ္မပြည်သူ့စစ်အဖြစ်သွပ်သွင်းပြီး လူထုထံမှ ဆက်ကြေးများကို ကောက်ယူလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။