Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့သိမ်းတိုက်ပွဲမှ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေး

ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့နယ်အစပ်၌ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေးသွားသည်ဟု ချင်းကာကွယ်ရေးတပ် CDF မင်းတပ် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ယနေ့ (မတ်လ ၃ရက်) ညပိုင်တွင် အတည်ပြုသည်။

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - PDF Zoland

ရဲခေါင်/People’s Spring

ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့နယ်အစပ်၌ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေးသွားသည်ဟု ချင်းကာကွယ်ရေးတပ် CDF မင်းတပ် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ယနေ့ (မတ်လ ၃ရက်) ညပိုင်တွင် အတည်ပြုသည်။

ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် မတူပီမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိခဲ့သော စစ်ကောင်စီတပ်သားများဟု အသိပေးသည်။

“အစောင့်နှစ်ဦးရှိတယ်။အစောင့်လဲပေါ့လျော့လို့မဟုတ်ဘူး ။နှပန်းလုံးပြီး လက်နက်လုကြတာဖြစ် တယ်။ရအောင်ပြန်ဖမ်းမှာပါ”ဟု CDF မင်းတပ်မှ ကိုဇလပ်သွေးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်ဖြစ်ပွားခဲ့မှုသည့် မင်းတပ်နှင့် မတူပီဒေသအစပ်၌ဖြစ်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်းများဟု ၎င်းက အသိပေးသည်။

“မတူပီကပြေးတာပါ သေချာဖြစ်ပါပီ။ ပြန်မိမှာပါ”ဟု CDF မင်းတပ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကိုချင်းညီနောင်တပ်ဖွဲ့က ၂၀၂၄ ဇွန်လ ၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာနှင့် လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း စစ်သုံ့ပန်းအရေအတွက်ကို ဖော်ပြခြင်း မရှိပေ။

မတူပီမြို့တွင် စစ်ကောင်စီ၏ ဗျူဟာကုန်း၊ ခြေမြန် တပ်ရင်း ခမရ- ၃၀၄၊ ခြေလျင်တပ်ရင်း ခလရ – ၁၄၀တပ်ရင်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။