Connect with us

Hi, what are you looking for?

သတင်း

၄ နှစ်တာအတွင်း ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၆၀ ခန့် သေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ ကျော် ကြုံခဲ့ရပြီး သေဆုံးသူ ၁၆၀ နီးပါး ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က မတ်လ ၄ ရက်မှာစာရင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ဧပြီလအတွင်း မင်းတပ်မြို့ ဝမ္မသူးဆေးရုံ ညအချိန်ဗုံးကြဲခံရပြီးနောက် တွေ့ရပုံ ဓာတ်ပုံ - CDF-Mindat

ဆိုင်းမင်း/People’s Spring

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ ကျော် ကြုံခဲ့ရပြီး သေဆုံးသူ ၁၆၀ နီးပါး ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က မတ်လ ၄ ရက်မှာစာရင်းဖော်ပြပါတယ်။

အာဏာသိမ်း ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီလေတပ်က ဗုံးအလုံးရေ ၉၀၀ ကျော်ကြဲ ချတိုက်ခိုက်ခဲ့တာလို့ ချင်းရေးရာအဖွဲ့ချုပ်က ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ ၁၆၀ နီးပါးထဲမှာ အရပ်သား ပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ကတော့ ၅၆ ဦးထက်မနည်းပါတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ထိခိုက်ဒဏ်ရာရသူ ချင်းတိုင်းရင်းသား ၂၅၀ ကျော် ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ဖော်ပြပါတယ်။ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးမြို့နယ်ကတော့ မင်းတပ်မြို့နယ်ဖြစ်ပါတယ်။

မင်းတပ်ပြီးရင် ဖလမ်း ၊ ဟားခါး ၊ ထန်တလန် ၊တီးတိန်မြို့နယ်တွေကလည်း လေကြောင်းတိုက်ခိုက်မှုကို အကြုံရဆုံး မြို့တွေထဲပါဝင်တယ်လို့သိရပါတယ်။

ချင်းပြည်နယ်ပြင်ပမှာဆိုရင်လည်း ချင်းတိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ချင်းတိုင်းရင်းသား ၁၀၀ကျော် အသက်ဆုံးပါးခဲ့ရပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့စာရင်းမှာ ပါရှိပါတယ်။

ချင်းပြည်နယ်ပြင်ပမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူကလည်း ၂၄၀ ကျော်ရှိတယ်လို့အသိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် အဆောက်အဦး ၁, ၃၈၄ ကျော် ၊ ဘာသာရေးအဆောက်အဦး ၃၉လုံး ၊ ဌာနဆိုင်ရာ အဆောက်အဦး ၄၀ ကျော်လည်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။