Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စကခ(၂၁)၊ ခလရ(၄၇)နှင့် တက္ကသိုလ် ကျောင်းဝင်းတို့အား KIA ယနေ့နံနက် တပြိုင်တည်းထိုးစစ်ဆင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မတ်လ ၇ရက်)နံနက်တွင် ထပ်မံထိုးစစ် ဆင်လျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်းသိမ်းရသော လက်နက်များ။ ဓာတ်ပုံ - Myu Tasw Kasa

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မတ်လ ၇ရက်)နံနက်တွင် ထပ်မံထိုးစစ် ဆင်လျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ သုံးလကြာအထိ တိုက်ပွဲပြင်းထန်နေပြီး KIAက ယနေ့ နံနက်တွင် နေရာ ၃ခုကို တပြိုင်တည်း ထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

“ဒီမနက်တော့ စကခ(၂၁)ရယ် တက္ကသိုလ်ကျောင်းဝင်းရယ် ပြီးတော့ ခရ ၄၇ရယ် အဲဒီနေရာ သုံးခုကို တပြိုင်တည်း ထိုးစစ်ဆင်တာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIAသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယနေ့နံနက် ထိုးစစ်ပြန်လည်စတင်မှုကို အတည်ပြုသည်။

စစ်ကောင်စီဘက်ကလည်း ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဗန်းမော်မကျရေးအတွက် အပြင်းအထန် ခုခံနေ၍ တိုက်ပွဲ ၃လကျော်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗန်းမော်မြို့ကျရှုံးပါက စစ်ကောင်စီအနေဖြင့် အလွယ်တကူ ပြန်တိုက်ယူနိုင်ခြင်းမရှိသည်ကို သိရှိထားပြီးဖြစ်၍ အတက်နိုင်ဆုံး စစ်ကောင်စီဘက်က ခုခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဗန်းမော်မြို့တွင်း တနေရာအား စစ်တပ် အာဏာသိမ်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“ဗန်းမော် ကျတော့ တိုင်းရင်းသားပေါင်းစုံတိုက်တာ။ အဲဒီမှာ ဗမာလူငယ် PDFတွေ၊ ကချင်လူမျိုးပေါင်းစုံပြီးတော့ ဂေါ်ရခါးတပ်၊ ပြီးတော့ AA ရောပါတယ်။အဲဒါကြောင့် ကျနော်တို့ ကချင်လူကြီးတွေက ကျနော်တို့ မြန်မာနိုင်ငံသား ခုခေတ် ပညာတက် လူငယ်တွေကို ဘာမှ မဆိုင်ဘဲ လူဖြုန်းတီးတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော်။ စစ်ပွဲဆိုတာ မနိုင်နိုင်အောင် တိုက်ရမှာတော့ ဖြစ်တယ် သို့သော် ငြားလည်း အလကား ဖြုန်းတီးတာတော့ မဖြစ်စေချင်လို့ ဖြေးဖြေးလေးတိုက်တာ ဆိုတာ ကျနော်က အဲဒီလို ခန့်မှန်းတယ်။ ပြောခဲ့သလို တရုတ်ရဲ့ ဖိအားပါတယ် ပြီးတော့ လေယာဉ်တွေ နောက်ဆုံးပေါ် ဒရုန်းတွေ သုံးတာဆိုတာတော့ ပြောလို့ရပါတယ် ။အဲဒါကြောင့် ဖြစ်မယ်လို့ ခန့်မှန်းပါတယ်”ဟု KIA သတင်းရင်းမြစ်တစ်ဦးက ဗန်းမော်တိုက်ပွဲ အချိန်ကြာနေရသည့် အခြေအနေကို သုံးသပ်ပြောသည်။

KIAသည် ၂၀၂၄ မတ်လ ၇ရက်တွင် စစ်ကောင်စီတပ်စခန်းနှင့် မြို့များတိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို အရှိန်မြှင့်တင်ခဲ့ရာ တစ်နှစ်အတွင်း မြို့ ၁၅မြို့ နှင့် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၂၅၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ဗန်းမော်တိုက်ပွဲအခြေအနေ အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်သည်။

ဗန်းမော်တက္ကသိုလ်။ ဓာတ်ပုံ – CJ

KIA သတင်းပြန်ကြားရေးဌာန၏ ဖေဖော်ဝါရီ ၆ရက် သတင်းဖော်ပြချက်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး သွားလာနေပြီး လူငယ်များကို ဖမ်းဆီးခြင်း၊ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေသည်ဟု ဖော်ပြသည်။

ထို့ပြင် ပြည်သူလူထုနေအိမ်များ၌ နေရာယူ တပ်စွဲခြင်းလည်းရှိသည်ဟု ဆိုသည်။ မြစ်ကြီးနား တန်ဖဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပေးသည်။ ပူတာအိုမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်က ပြည်သူလူထုနေအိမ်များ၌ ဝင်ရောက်နေထိုင် တပ်စွဲမှုများ ပြုလုပ်နေဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။