Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီအထိုင်ချ နေရာ ၂နေရာကို လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။

လက်နက်ကြီးတွေပြင်ဆင်ထုတ်လုပ်နေစဉ်

မင်းညို/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။

မနေ့က မတ်လ ၇ ရက် မနက် ၁၀ နာရီလောက်မှာ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ၆၀ မမ၊ ၈၀မမ တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ချင်းတွင်းဒိုင်းနမိုက်အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။

“ထိခိုက်ပျက်စီးမှုကတော့ မသိရသေးဘူးဗျ။ လက်နက်ကြီး ထုတာ တစ်နာရီလောက်တော့ကြာတယ်။ ၃ ဖွဲ့ပေါင်း အလုံးရေ ၂၅ လုံးထုခဲ့တာ။”လို့ ကိုဗိုက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဆားလင်းကြီးမြို့ပေါ်မှာ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မြို့ခန်းမအပါအဝင် ၅ နေရာခန့် ခွဲကာ အထိုင်ချထားကြောင်း၊ ထွေအုပ်နဲ့ ရဲစခန်းမှာ စစ်ကောင်စီအင်အား ၈၀ ခန့်ရှိပြီး အခြားနေရာများအပါအဝင် စုစုပေါင်း ၁၈၀ ခန့် ရှိကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် (SaIingyi) အဖွဲ့နဲ့ ယင်းမာပင်ခရရိုင်တပ်ရင်းတပ်ခွဲ ၃၊ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ (SaIingyi)၊ SOLO AUNG GYI(SaIingyi) တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ချင်းတွင်းဒိုင်းနမိုက် (SaIingyi) အဖွဲ့အပါအဝင် ဆားလင်းကြီးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က မုံရွာမြို့၊ ဗောဓိတထောင် တာဝါတိုင်စခန်း တိုက်ပွဲတုန်းကလည်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။