Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းတွင် နွားကျောင်းသားတစ်ဦးကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ သေနတ်များဖြင့် နေ့စဉ်ပစ်ခတ်မှုရှိနေပြီး မတ်လ ၉ရက်က ကံကြီးကျေးရွာခံ နွားကျောင်းသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ကဖေး/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်ပစ်ခတ်မှုရှိနေပြီး မတ်လ ၉ရက်က ကံကြီးကျေးရွာခံ နွားကျောင်းသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ကံကြီးရွာခံ ကိုရဲမြင့်သည် မတ်လ ၉ရက် နံနက်က နွားကျောင်းသွားစဉ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့်လှမ်းပစ်ခြင်းဟု ပေါက်ခေါင်းမြို့ခံတစ်ဦးက ပြောသည်။

” ရွာနားကို ဘယ်သူ့မှကပ်လို့ မရအောင် လှမ်းလှမ်းပစ်နေတာဗျ။ လူရော၊နွားရော ထိတယ်။ လူက ခြေထောက်ကိုထိလို့ တော်သေးတယ်။ ဒေသခံတွေက တခြားနေရာမှာနေရတဲ့အပြင် ရွာနားတောင် ကပ်မရတဲ့အခြေအနေဖြစ်နေတယ်”ဟု ကံကြီးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကံကြီးကျေးရွာ၌ ပြီးခဲ့သည့်ဖေဖော်ဝါရီကတည်းက အင်အား၁၀၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ရက်က ပေါက်ခေါင်းမြို့သို့ ရိက္ခာတင်ပို့သော စစ်ကောင်စီ၏ထောက်ပို့ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက လုံခြူံရေးတိုးထားကာ စစ်ရေးလည်းတင်းမာနေသည်။

ထို့အပြင် ပေါက်ခေါင်းမြို့နယ် အိုင်စောက်ကျေးရွာတွင် စစ်ကောင်စီဝင်ရောက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်‌နေသည်။ ဖေဖော်ဝါရီက ပစ်ခတ်မှုများတွင် အိုင်စောက်ကျေးရွာမှအမျိုးသမီးတစ်ဦး သေဆုံးပြီးရွှေကူကျေးရွာမှ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်

သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်း ရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက သတိပေးထားသည်။

ပြည်ခရိုင်အတွင်း ပြည်၊ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။ လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ပန်းတောင်းနှင့်ဥသျှစ်ပင်မြို့မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။