Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ အထိနာနေသည့်စစ်တပ်က အင်းအားဖြည့်ပြီး ထပ်မံထိုးစစ်ဆင်ရန်ပြင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က အင်းအားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်ရန်ကြိုးပမ်းနေကြောင်း မြေပြင်ရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

ဓာတ်ပုံ − မိုးဗြဲတိုက်အတွင်း ဖမ်းမိသော စစ်ကောင်စီတပ်သားအချို့အား တွေ့ရစဉ်

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က အင်းအားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်ရန်ကြိုးပမ်းနေကြောင်း မြေပြင်ရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

မတ်လ ၁၄ရက်တွင် ကရင်နီတပ်ပေါင်းစု၏ တန်ပြန်ထိုးစစ်အပြီး စစ်ကောင်စီတပ်သည် ၎င်းတို့ရရှိခဲ့သည့် ကင်းစခန်းအချို့ကို စွန့်ခွာခဲ့ရပြီးနောက် လူ၊လက်နက် ဖြည့်တင်းမှုပြုလုပ်နေကြောင်း အသိပေးသည်။

“ထိုးစစ်ထပ်စမယ့်ပုံတော့ ရှိတယ်။လူသူ၊ လက်နက်အင်အားပြန်လည် ဖြည့်တင်းနေတာတွေ သိထားရတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်သည် အရှိန်လျော့သွားသော်လည်း နေ့စဥ် ဒရုန်း၊ မီးလောင်ဗုံးများအသုံးပြု၍ မိုးဗြဲမြို့တွင်းရှိ နေအိမ်များကို ဖျက်ဆီးနေသည်ဟု ဆိုသည်။

“စစ်ရေးအရတော့ တင်းမာနေတယ်။ ထိတွေ့မှုကလဲရက်တိုင်းပါပဲ။ကြီးတာ ငယ်တာ ဒါပဲကွာတယ်”ဟုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၃ရက်တွင် စစ်ကောင်စီတပ်မှ ဒရုန်း၊ လက်နက်ကြီးများ အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရသည့် ကာကင်းစခန်းသုံးခုကို ကရင်နီပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခံပြီး မတ်လ ၁၄ရက်တွင် ပြန်ရရှိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၁၅ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိကာဆုတ်ခွာသွားခဲ့ပြီး လက်နက်ကိုးလက်နှင့်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းနိုင်ခဲ့သည်။ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဓါတ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအပြင် အသေခံဒရုန်းများပါ အသုံးပြု တိုက်ခိုက်နေသည်။

မိုးဗြဲမြို့မြောက်ဘက်ခြမ်းရှိ ခြေမြန်တပ်ရင်း ခမရ(၄၄၂)တပ်ရင်း ခြေကုပ်ယူကာ ၂၀၂၄ ဒီဇင်ဘာမှစ၍ စစ်ကောင်စီတပ်သည် လူအင်အားနှင့် ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာ အသုံးပြု၍ ထိုးစစ်ဆင်မှုအပေါ် တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် အခြားတပ်ပေါင်းစုများမှ ခုခံနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။