Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေမှာ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့တဲ့ နိုင်ငံခြားသူတွေကို ထိုင်းအာဏာပိုင်တွေ ကူညီဖို့ စီစဉ်

ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ မုဒိမ်းမှု သားကောင် ဖြစ်ခဲ့တဲ့ နိုင်ငံခြားသူ အမျိုးသမီးတွေကို ထိုင်းအာဏာပိုင်တွေက အကူအညီ ပေးနိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ မုဒိမ်းမှု သားကောင် ဖြစ်ခဲ့တဲ့ နိုင်ငံခြားသူ အမျိုးသမီးတွေကို ထိုင်းအာဏာပိုင်တွေက အကူအညီ ပေးနိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေကြောင်း သိရပါတယ်။

အဲဒီ အမျိုးသမီး ၁၂ ဦးဟာ ကျားဖြန့် လုပ်ငန်းခွင် ဦးစီးသူတွေက မုဒိမ်းကျင့်တာ ခံရလို့ ကိုယ်ဝန်ရှိနေကြပြီး သူတို့ထဲက တစ်ဦးကတော့ မတ်လ ၁၉ ရက်နေ့တုန်းက ကိုယ်ဝန် ပျက်ကျခဲ့တယ်လို့ လူကုန်ကူးမှု သားကောင်များ ကူညီရေး ကွန်ရက် (CSNAHTV)က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတွေဟာ တရုတ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေက အဓိက ဦးဆောင်ပြီး ထိုင်းနဲ့ထိစပ်ရာ မြန်မာဖက်ခြမ်းမှာ ထူထောင်ထားတဲ့ ကျားဖြန့် လုပ်ငန်းတွေဆီ လိမ်လည် လှည့်စား ခေါ်ယူခံရသူ ၃၂၀ ဝန်းကျင် အစုအဖွဲ့ထဲက ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ အီသီယိုးပီးယား နိုင်ငံသားတွေဖြစ်ပြီး ကရင်ပြည်နယ်ထဲက ကျားဖြန့် ဂိုဏ်းတွေဆီ လူကုန်ကူး ခံခဲ့ရသူတွေပါ။

တရုတ်ရဲ့ ဖိအားပေးမှုတွေ မြင့်တက်လာချိန်မှာ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ် (DKBA)တို့ဟာ အဲဒီ နိုင်ငံခြားသားတွေကို ကျားဖြန့်ဂိုဏ်းတွေဆီက ကယ်ထုတ်တယ်လို့ နာမည်ခံပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။ လောလောဆယ် DKBAက စီစဉ်ပေးထားတဲ့ စခန်းတွေမှာ ကျားဖြန့်ဝန်ထမ်းဟောင်း ၆၅၀၀ လောက် ရှိနေပြီး အရမ်းလူတွေ ပြည့်ကျပ်နေတဲ့ အခြေအနေအတွက် စိုးရိမ်စရာတွေလည်း ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

CSNAHTV အရာရှိ တစ်ဦးဖြစ်တဲ့ ဂျေး ခရစ်တာရာက ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စားမှုကြောင့် လူမှောင်ခိုကူး ခံရပြီး မုဒိမ်းမှု သားကောင်ပါ ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေကို အကူအညီပေးဖို့ ထိုင်းရဲ့ တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ချူချိပ် ပွန်ချိုင်နဲ့ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ဆီ စာရေးသား မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီနောက် လူ့အခွင့်အရေး ကော်မရှင်က အဲဒီ အမျိုးသမီးတွေရဲ့ သက်ဆိုင်ရာ နိုင်ငံသံရုံး အသီးသီးကို ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဆီ တိုက်တွန်းခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ထိုင်းလူ့အခွင့်အရေး ကော်မရှင်က မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့တဲ့ အမျိုးသမီးတွေအတွက် လိုအပ်လာမယ့် အကူအညီတွေကို အတတ်နိုင်ဆုံး အဆောတလျင် ပံ့ပိုးပေးနိုင်ရေး အတွက်လည်း အမျိုးသား လုံခြုံရေး ကောင်စီ၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေကို တောင်းဆိုထားကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားက ထိုင်းပိုင်နက်ထဲ ရွှေခိုးတူးနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။