Connect with us

Hi, what are you looking for?

သတင်း

အင်းတော်စစ်ကူသွားရင်းစစ်​ကြောင်းပျက်သွား​သောစစ်တပ်ထံမှလက်နက်မျိုးစုံ ၅၄ လက်ရ

အင်း​တော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူသွား​သော စစ်တပ် စစ်​ကြောင်းကိုမတ်လ ၁၅ ရက်က အင်းတော်-ကသာလမ်း တစ်​နေရာတွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကြောင်းပျက်သွား ပြီးလက်နက် (၅၄) လက် သိမ်းဆည်းရရှိခဲ့သည်။

စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-အမှတ် ၁ စစ်​ဒေသ

မတ်-၂၁၊၂၀၂၅။မိထက်/People’s Spring

အင်း​တော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူသွား​သော စစ်တပ် စစ်​ကြောင်းကိုမတ်လ ၁၅ ရက်က အင်းတော်-ကသာလမ်း တစ်​နေရာတွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကြောင်းပျက်သွား ပြီးလက်နက် (၅၄) လက် သိမ်းဆည်းရရှိခဲ့သည်။

ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာပြီး အင်းတော်သို့ စစ်ကူလာသော အဆိုပါစစ်‌ကြောင်းအား KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း(၁)၊ မိုးတားတိုက်နယ်ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ယနေ့ မတ်လ ၂၁ရက်၌ သတင်းထုတ်ပြန်သည်။

အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းကို ဗိုလ်မှူး လင်းထက်ဆိုသူ ဦးစီးပြီးခမရ (၁၀၆)၊ခမရ(၃၀၉) ၊ ခလရ(၆) ပူးပေါင်းအင်အား ၁၅၀ခန့်ပါစစ်​ကြောင်းမှာ ၃၃ဦးသေဆုံးပြီး၊ ၁၀ ဦးဒဏ်ရာရကာ ၊ ၃၁ဦးဖမ်းမိခဲ့​​​ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” KIA ဦးဆောင်တဲ့ စစ်ရေးသတင်းက သိတဲ့အတိုင်းပဲ။ တော်တော်ကိုထိန်းပါတယ်။ အဓိကက ဗျူဟာကျကျ တိုက်ခိုက်ထားပါတယ်။ ဒီလောက်အထိ အထိနာအောင်တိုက်ဖို့ဆိုတာ တော်ရုံ ဘယ်လွယ်မလဲ” ဟု PDFတဦးကပြောသည်။

စစ်​ကောင်စီတပ်ထံမှMA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိသည်ဟု အသိပေးထားသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်​ကြောင်းပျက်​အောင် တိုက်ခိုက်ခံရပြီးနောက်စစ်တပ်သည် မတ်လ ၁၆ရက်မှစ၍ ကသာခမရ(၃၀၉)ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်နေသည်။မတ်လ ၁၆ရက်မှ မတ်လ ၂၀ရက်အထိ ရဟတ်ယာဉ် ငါးကြိမ်ဆင်းသက်ခဲ့ပြီး လူနှင့်လက်နက်ခဲယမ်းများ ပို့နေသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ​တော်လှန်​ရေးတပ်များက ၂၀၂၄ သြဂုတ် ၁၆ ရက်မှစ၍ တိုက်လိုက် နားလိုက်ဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွဲနေခြင်းဖြစ်ပြီး စစ်တပ်မှာဂျပန်လှိုဏ်ဂူကုန်းတွင် ခံစစ်အခိုင်အမာ တည်​ဆောက်ခုခံ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။