Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦးခန့် ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ် – ၂၄ ၊ ၂၀၂၅။ မေ/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ၂၄ရက် ဒီနေ့ နေ့လည် ၁၂နာရီ၄၅မိနစ်မှာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ် ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“အိမ်တွေကို သပ်သပ်လာကြဲတဲ့ပုံပါပဲ။ပထမတလုံးပ မှားချတာ။ရွာမြောက်ဘက်ကျပြီး ထန်းပင် တွေတောင် ပျက်ထွက်ကုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီး PDFတပ်စွဲ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ၂၃ရက် ညပိုင်းကလည်း စက်တပ်လေထီးနဲ့ လောင်းရှည်ရွာနဲ့ ဂွေးခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။