Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦးခန့် ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ် – ၂၄ ၊ ၂၀၂၅။ မေ/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ၂၄ရက် ဒီနေ့ နေ့လည် ၁၂နာရီ၄၅မိနစ်မှာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ် ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“အိမ်တွေကို သပ်သပ်လာကြဲတဲ့ပုံပါပဲ။ပထမတလုံးပ မှားချတာ။ရွာမြောက်ဘက်ကျပြီး ထန်းပင် တွေတောင် ပျက်ထွက်ကုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီး PDFတပ်စွဲ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ၂၃ရက် ညပိုင်းကလည်း စက်တပ်လေထီးနဲ့ လောင်းရှည်ရွာနဲ့ ဂွေးခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။