Connect with us

Hi, what are you looking for?

News

ပြည်သူများ၏အသက်၊ အိုးအိမ်​ကြောင့်ဖယ်ခုံတွင်မြို့တွင်းတိုက်ပွဲလတ်တ​လောမဆင်နွှဲ​သေးဟုPDF(ဖယ်ခုံ)ထုတ်ပြန်

“ဒီကောင်တွေ(စစ်ကောင်စီတပ်)ဒီအတိုင်း နေရင်တောင် လက်နက်ကြီးနဲ့ ရောက်ချင်ရာရောက်ပစ်နေတာလေ။မြို့ပေါ် တိုက်ပွဲသာဖြစ်ရင်ကျွန်တော်တို့ ပြည်သူတွေဒီထက်ပိုဒုက္ခရောက်မှာစိုးလို့ ကြိုအသိပေးထားတာပါ”ဟု PDF (ဖယ်ခုံ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကြောင့် ဖယ်ခုံမြို့တွင်း တိုက်ပွဲကို လတ်တလောဆင်နွှဲမည်မဟုတ်ကြောင်း PDF(ဖယ်ခုံ)က ယနေ့ (နိုဝင်ဘာ ၅) ရက်ထုတ်ပြန်သည်။

“ဒီကောင်တွေ(စစ်ကောင်စီတပ်)ဒီအတိုင်း နေရင်တောင် လက်နက်ကြီးနဲ့ ရောက်ချင်ရာရောက်ပစ်နေတာလေ။မြို့ပေါ် တိုက်ပွဲသာဖြစ်ရင်ကျွန်တော်တို့ ပြည်သူတွေဒီထက်ပိုဒုက္ခရောက်မှာစိုးလို့ ကြိုအသိပေးထားတာပါ”ဟု PDF (ဖယ်ခုံ) တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကိုယ်ချင်း စာတရားကင်းမဲ့စွာဖြင့် ပြည်သူလူထုအပေါ် လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခြင်း၊အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကိုလည်း သိမ်းယူ ဖျက်ဆီးခြင်း အပါအဝင် နည်းမျိုးစုံရမ်းကားနှိပ်စက်မှုများ
ပါပြုလုပ်နေကြောင်းသည်ဟုဆိုသည်။

(ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်၍ပြည်သူလူထု
နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-PDF(ဖယ်ခုံ))

ထို့ကြောင့် ဖယ်ခုံမြို့ရှိပြည်သူများအနေဖြင့် အပြင်ထွက်သွားလာခြင်းကို ဆင်ခြင်ရန်၊ သတင်းမှား ကောလဟာလများမဖြန့်ရန် နှင့် ညဘက်တွင် အသိမိတ်ဆွေများနှင့် စုပေါင်းအိပ်စက်ရန်လည်းPDF(ဖယ်ခုံ)ကတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အိုးအိမ်များကိုလည်း ပျူစောထီး၊သူခိုးသူဝှက် နှင့် အခွင့်အရေးသမားများရန် မှ ကာကွယ်ကြရန်လည်း PDF ဖယ်ခုံက နှိုး​ဆော်သည်။

(ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်၍ပြည်သူလူထု နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-PDF(ဖယ်ခုံ))

ဖယ်ခုံမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၆ ရက်ကစ၍ ထိုးစစ်ဆင်လာ၍ PDF ဖယ်ခုံနှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ထို့နောက် နိုဝင်ဘာ ၂ ရက်ကစ၍ ဖယ်ခုံဒေသတွင်း ရွှေပြည်အေး(ကသဲ)ကျေးရွာ၊ခေါင်းအိကျေးရွာ၊လွယ်လုံကျေးရွာနှင့် လွယ်ဝှဲကျေးရွာ တို့တွင်း တိုက်ပွဲများပြင်းထန်​နေသည်။ ယမန်​နေ့(နိုဝင်ဘာ ၄ရက်)ကဖယ်ခုံမြို့နယ်တွင် မနက်၈ နာရီမှ ည​နေ ၆ နာရီအထိ့ ၁၀နာရီကြာဖြစ်ပွား​သောတိုက်ပွဲတွင် စစ်ကာင်စီတပ်မှ ၂၀ ​ကျော်​သေဆုံးခဲ့​ကြောင်း PDF(လွိင်​ကော်)ကလည်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာကျေးရွာများရှိ ပြည်သူ ၂,၀၀၀ ကျော်မှာ ထွက်ပြေးနေရဆဲဖြစ်ပြီး ၎င်းတို့၏ နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။