Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများ၏အသက်၊ အိုးအိမ်​ကြောင့်ဖယ်ခုံတွင်မြို့တွင်းတိုက်ပွဲလတ်တ​လောမဆင်နွှဲ​သေးဟုPDF(ဖယ်ခုံ)ထုတ်ပြန်

“ဒီကောင်တွေ(စစ်ကောင်စီတပ်)ဒီအတိုင်း နေရင်တောင် လက်နက်ကြီးနဲ့ ရောက်ချင်ရာရောက်ပစ်နေတာလေ။မြို့ပေါ် တိုက်ပွဲသာဖြစ်ရင်ကျွန်တော်တို့ ပြည်သူတွေဒီထက်ပိုဒုက္ခရောက်မှာစိုးလို့ ကြိုအသိပေးထားတာပါ”ဟု PDF (ဖယ်ခုံ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကြောင့် ဖယ်ခုံမြို့တွင်း တိုက်ပွဲကို လတ်တလောဆင်နွှဲမည်မဟုတ်ကြောင်း PDF(ဖယ်ခုံ)က ယနေ့ (နိုဝင်ဘာ ၅) ရက်ထုတ်ပြန်သည်။

“ဒီကောင်တွေ(စစ်ကောင်စီတပ်)ဒီအတိုင်း နေရင်တောင် လက်နက်ကြီးနဲ့ ရောက်ချင်ရာရောက်ပစ်နေတာလေ။မြို့ပေါ် တိုက်ပွဲသာဖြစ်ရင်ကျွန်တော်တို့ ပြည်သူတွေဒီထက်ပိုဒုက္ခရောက်မှာစိုးလို့ ကြိုအသိပေးထားတာပါ”ဟု PDF (ဖယ်ခုံ) တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကိုယ်ချင်း စာတရားကင်းမဲ့စွာဖြင့် ပြည်သူလူထုအပေါ် လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခြင်း၊အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကိုလည်း သိမ်းယူ ဖျက်ဆီးခြင်း အပါအဝင် နည်းမျိုးစုံရမ်းကားနှိပ်စက်မှုများ
ပါပြုလုပ်နေကြောင်းသည်ဟုဆိုသည်။

(ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်၍ပြည်သူလူထု
နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-PDF(ဖယ်ခုံ))

ထို့ကြောင့် ဖယ်ခုံမြို့ရှိပြည်သူများအနေဖြင့် အပြင်ထွက်သွားလာခြင်းကို ဆင်ခြင်ရန်၊ သတင်းမှား ကောလဟာလများမဖြန့်ရန် နှင့် ညဘက်တွင် အသိမိတ်ဆွေများနှင့် စုပေါင်းအိပ်စက်ရန်လည်းPDF(ဖယ်ခုံ)ကတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အိုးအိမ်များကိုလည်း ပျူစောထီး၊သူခိုးသူဝှက် နှင့် အခွင့်အရေးသမားများရန် မှ ကာကွယ်ကြရန်လည်း PDF ဖယ်ခုံက နှိုး​ဆော်သည်။

(ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်၍ပြည်သူလူထု နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-PDF(ဖယ်ခုံ))

ဖယ်ခုံမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၆ ရက်ကစ၍ ထိုးစစ်ဆင်လာ၍ PDF ဖယ်ခုံနှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ထို့နောက် နိုဝင်ဘာ ၂ ရက်ကစ၍ ဖယ်ခုံဒေသတွင်း ရွှေပြည်အေး(ကသဲ)ကျေးရွာ၊ခေါင်းအိကျေးရွာ၊လွယ်လုံကျေးရွာနှင့် လွယ်ဝှဲကျေးရွာ တို့တွင်း တိုက်ပွဲများပြင်းထန်​နေသည်။ ယမန်​နေ့(နိုဝင်ဘာ ၄ရက်)ကဖယ်ခုံမြို့နယ်တွင် မနက်၈ နာရီမှ ည​နေ ၆ နာရီအထိ့ ၁၀နာရီကြာဖြစ်ပွား​သောတိုက်ပွဲတွင် စစ်ကာင်စီတပ်မှ ၂၀ ​ကျော်​သေဆုံးခဲ့​ကြောင်း PDF(လွိင်​ကော်)ကလည်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာကျေးရွာများရှိ ပြည်သူ ၂,၀၀၀ ကျော်မှာ ထွက်ပြေးနေရဆဲဖြစ်ပြီး ၎င်းတို့၏ နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။