Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်က မိုးမျှော်တိုက်ကြီးတစ်လုံး လှုပ်ရှား ယိမ်းထိုးလာလို့ လူတွေ အထိတ်တလန့် ထွက်ပြေး

တရုတ်နိုင်ငံမှာ အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်လုံး ယိမ်းထိုး လှုပ်ရှားလာတာကြောင့် အထဲမှာ ရှိနေသူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

မေလ ၁၈ ရက်က ရှန်ဇန်းမြို့မှာရှိတဲ့ SEG Plaza တိုက်ကြီးဟာ စတင် လှုပ်ရမ်းလာတာလို့ မျက်မြင်တွေက ပြောပါတယ်။ မူမမှန်တဲ့ အခြေအနေကို စတင် ခံစားမိလာတဲ့နောက် တိုက်ထဲမှာ ရှိနေတဲ့ စျေးဝယ်သူတွေ၊ စျေးဆိုင် ရောင်းချသူတွေနဲ့ တခြား ဝန်ထမ်းတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

ဒီတိုက်ကြီးဟာ အထပ်ပေါင်း ၇၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး မီတာ ၃၀၀ လောက် မြင့်ပါတယ်။ တိုက်ကြီး လှုပ်ရမ်းခဲ့တဲ့ အကြောင်းရင်းကို လောလောဆယ် မသိရသေးဘဲ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အခင်းဖြစ်ချိန်က တရုတ်တောင်ပိုင်းနဲ့ ရှန်ဇန်းမြို့ တဝိုက်မှာ ငလျင် လှုပ်ခတ်တာမျိုးလည်း မရှိခဲ့ပါဘူး။

ရှန်ဇန်းဟာ တရုတ်မှာ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာနေတဲ့ မြို့ကြီးတစ်ခု ဖြစ်ပါတယ်။ လူဦးရေ ၁၂ သန်းလောက် နေထိုင်ပြီး စျေးဝယ်စင်တာတွေ၊ နည်းပညာ စင်တာတွေနဲ့ စည်ကားနေတဲ့ နေရာတစ်ခုပါ။ ရှန်ဇန်း မြို့ထဲက မိုးမျှော်တိုက်ကြီး လှုပ်ရှား ယိမ်းထိုးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အရေးတကြီး ဆောင်ရွက်နေပြီး တိုက်ထဲမှာ နေထိုင်သူ အားလုံးကို ရွှေ့ပြောင်းထားစေပြီး ဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေး ကောင်စီက ပြောပါတယ်။

ဒီတိုက်ကြီးကို ၂၀၀၀ ပြည့်နှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး တရုတ်ရဲ့ ၁၀၄ ခုမြောက် အမြင့်ဆုံး၊ ကမ္ဘာပေါ်မှာ ၂၁၂ ခုမြောက် အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် သတ်မှတ် ခံထားရပါတယ်။ တရုတ်မှာ ဆောက်လုပ်ရေး စံနှုန်း အားနည်းချက်တွေ အပါအဝင် အကြောင်းကြောင်းကြောင့် အဆောက်အအုံတွေ ပြိုကျတာမျိုး အရင်ကလည်း ဖြစ်ဖူးပါတယ်။ မနှစ်က မေလတုန်းက Covid-19 ရောဂါသည်တွေအတွက် Quarantine စင်တာအဖြစ် ထားရှိတဲ့ ဟိုတယ်တစ်လုံး ပြိုကျတာကြောင့် လူ ၂၉ ဦး သေဆုံးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။