မတ်-၂၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ကိုဗဟိုပြု၍ ရစ်ချိတာစကေး ၇ုဒဿမ ၇အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်ထားသည်။
၁၂နာရီ ၅၀မိနစ်ဝန်းကျင်တွင် စတင်လှုပ်ပြီး ၁မိနစ်ခန့် ဆက်တိက်လှုပ်သွားသည်။ ထိုငလျင်ကြောင့်စစ်ကိုင်းတံတားဟောင်း ကျိုးကျသွားသည်။

အဆိုပါငလျင်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်သိရှိခံစားလိုက်ရသည်။ထိုငလျင်ကြီး၏ သက်ရောက်မှုကို ထိုင်းနိုင်ငံ ချင်မိုင်းမြို့အပါအဝင်ဒေသအများစုတွင်ပါ ငလျင်လှုပ်ပြီးခံစားခဲ့ရသည်။

Public Service Announcement
ငလျင်ကြောင့် မန္တလေးမြို့တဝိုက် ထိခိုက်ပျက်စည်းမှုများပြားနိုင်၍ ပြည်သူများအချင်းချင်းအကူအညီပေးကြရန် တိုက်တွန်းမှုများရှိနေသည်။

မြေငလျင်ကြီးလှုတ်ခပ်ပြီးပါက နောက်ဆက်တွဲ ငလျင်များလှုပ်တက်၍သတိထားရန်မြေငလျင်ပညာရှင်များကသတိပေးထားသည်။
မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့တည့်တည့်ဖြတ်သွားသည့်မြို့ဖြစ်သည်။ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ရှားသွားခြင်းဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ရှားနိုင်သည်။


















































