Connect with us

Hi, what are you looking for?

သတင်း

အင်အားအလွန်းပြင်းသော ငလျင်ကြီး ချမ်းအေးသာဇံမြို့နယ်ကိုဗဟိုပြုလှုပ်

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ကိုဗဟိုပြု၍ ရစ်ချိတာစကေး ၇ုဒဿမ ၇အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်ထားသည်။

မြေငလျင်​ကြောင့် စစ်ကိုင်းတံတား​ဟောင်းကျိူးကျ​နေစဥ်။ ဓါတ်ပုံ - CJ

မတ်-၂၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ကိုဗဟိုပြု၍ ရစ်ချိတာစကေး ၇ုဒဿမ ၇အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်ထားသည်။

၁၂နာရီ ၅၀မိနစ်ဝန်းကျင်တွင် စတင်လှုပ်ပြီး ၁မိနစ်ခန့် ဆက်တိက်လှုပ်သွားသည်။ ထိုငလျင်ကြောင့်စစ်ကိုင်းတံတားဟောင်း ကျိုးကျသွားသည်။

မြေငလျင်ပြင်အားကို USGS ကပြသထားမှု

အဆိုပါငလျင်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်သိရှိခံစားလိုက်ရသည်။ထိုငလျင်ကြီး၏ သက်​ရောက်မှုကို ထိုင်းနိုင်ငံ ချင်မိုင်းမြို့အပါအဝင်​ဒေသအများစုတွင်ပါ ငလျင်လှုပ်ပြီးခံစားခဲ့ရသည်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် မန္တလေးမြို့တဝိုက် ထိခိုက်ပျက်စည်းမှုများပြားနိုင်၍ ပြည်သူများအချင်းချင်းအကူအညီပေးကြရန် တိုက်တွန်းမှုများရှိနေသည်။

မြေငလျင်​ကြောင့် စစ်ကိုင်းတံတား​ဟောင်းကျိူးကျ​နေစဥ်။ ဓါတ်ပုံ – CJ

​မြေငလျင်ကြီးလှုတ်ခပ်ပြီးပါက ​နောက်ဆက်တွဲ ငလျင်များလှုပ်တက်၍သတိထားရန်​မြေငလျင်ပညာရှင်များကသတိ​ပေးထားသည်။

မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့တည့်တည့်ဖြတ်သွားသည့်မြို့ဖြစ်သည်။ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ရှားသွားခြင်းဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ရှားနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။