Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့ ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှု ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ဦး သေဆုံး

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုတွင် ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - T.E.R.T

မတ်-၂၈၊၂၀၂၅။People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုတွင် ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

” ကလေးငါးဦးပါ။ ကိုရင်တစ်ပါးပါတယ်။ စစ်ဘေးရှောင်တွေလို့ သိရတယ်။ ကျနော်တို့က ကူညီရေးတွေဆိုတော့ သေချာတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ငလျင်ကြောင့် တောင်ငူမြို့တွင် ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်၂၈ရက်) နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

အောင်ပန်းမြို့နယ်၏ လမ်းမကြီးဘေးရှိ ခြောက်ထပ်အမြင့်ရှိ ဟိုတယ်အောင်ပန်းသည် အလုံးစုံပြိုကျခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် တည်းခိုသူ ၂၀ထက်မနည်းပိတ်မိနေကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ ကနဦး ယူဆထားရသည်။

ငလျင်သည် ရစ်ချ်တာစကေး ၇ဒဿမ ၇အဆင့်ဖြင့် ယနေ့(မတ်လ ၂၈ရက်) နံနက် ၁၂နာရီ ၅၀မိနစ်တွင် ပထမအကြိမ်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်အချို့ဆက်လှုပ်ခဲ့သည်။

အင်အားအလွန်ပြင်းထန်သောငလျင်ဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်ကြောင်းပညာရှင်အချို့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူအနီးတွင် ယ​နေ့နံနက်ပိုင်းရစ်ခ်တာစကေး ၅ ဒဿမ၁ အဆင့်ငလျင်လှုပ်သွားပြီးတောင်ငူအပြင် ဖြူး၊ ရေတာရှည်၊အုတ်တွင်းမြို့နယ်များ၌ပါ သိသိသာလှုပ်ရှားသွားသည်။

သတင်း

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “ရွာက အမြန်လမ်းရဲ့အနောက်ဘက်မှာ။စစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်တာ။ စစ်တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့ အပြေးမြန်လို့ ထွက်လာလို့ရတာ။ ပိတ်မိသူတွေ ရှိနေတယ်”ဟုဒေသခံတဦးကပြောသည်။ စစ်ကောင်စီတပ်ကဖုန်းလိုင်းများလည်းဖြတ်တောက်ထားပြီး မန်းကျီးပင်အင်းရွာသို့ ဖုန်းဆက်သွယ်၍မရကြောင်းတောင်ငူမြို့ခံတဦးကပြောသည်။ Public Service Announcement ၎င်းက...