Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်နဲ့ မန္တလေးလေဆိပ်တွေ ပိတ်လိုက်ပြီး လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းကြောင်း MAI ကြေညာ

ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေ ပိတ်သိမ်းထားကြောင်းနဲ့ လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ငလျင်လှုပ်ခတ်အပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းပိုင်းအခြေအနေ၊ ငလျင်လှုပ်ခတ်နေချိန် လေယာဥ်ကွင်းအတွင်း အခြေအနေ။ ဓာတ်ပုံ - CJ

မတ် ၂၈၊ ၂၀၂၅။ People’s Spring

ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေ ပိတ်သိမ်းထားကြောင်းနဲ့ လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ မတ်လ ၂၈ရက်ကစလို့ နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း နေပြည်တော်နဲ့ မန္တလေးကို ပျံသန်းပြေးဆွဲမယ့် လေကြောင်းခရီးစဥ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း MAI က အသိပေးထားပါတယ်။

ခရီးသည်များနဲ့ လုပ်ဖော်ကိုင်ဖက်များ ဘေးကင်းလုံခြုံတဲ့ အခြေအနေရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များဆီကနေ အတည်ပြုချက်ရတာနဲ့ လုပ်ငန်းလည်ပတ်မှုများကို ချက်ချင်းပြန်လည်စတင်မယ်လို့လည်း MAI က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လက်မှတ်ဖြတ်ထားပြီးတဲ့ MAI ခရီးသည်များအနေနဲ့ လေဆိပ်များပြန်ဖွင့်အပြီး တပတ်အတွင်း ရက်ပြောင်းလဲမှု အခမဲ့ တကြိမ်ပြုလုပ်တာ၊ ဒါမှမဟုတ် ပြန်အမ်းငွေအပြည့်ပြန်လည်ထုတ်ယူတာ ပြုလုပ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒီနေ့ နေ့ခင်း ၁၂နာရီ ၅၀ခန့်မှာ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့ကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၇ဒသမ၇ အင်အားပြင်းထန် ငလျင်နဲ့ နောက်ဆက်တွဲ ငလျင် ၃ခု လှုပ်ခတ်ခဲ့ပြီး မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မြို့တွေ၊ ရှမ်းပြည်နယ်တို့မှာ ပျက်စီးဆုံးရှုံးမှုများစွာနဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီအင်အားပြင်းထန်ငလျင်ကြောင့် အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်း၊​ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်း ဒေသ ၆ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။