Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့်ပြည်သူတွေကူညီဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထုတ်ပြန်

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

အင်အားပြင်းငလျင် ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့မှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။ ဓာတ်ပုံ - KO M

မတ် ၂၉၊ ၂၀၂၅။ လင်းသစ်/People’s Spring

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

ငလျင်အတွင်း ထိခိုက်ခဲ့တဲ့ဒေသတွေဆီ MSF ရဲ့ နည်းပညာရှင်တွေ အမြန်ဆုံးသွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခွင့်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေရရှိဖို့ ခွင့်ပြုချက်ပေးဖို့ အရေးကြီးတယ်လို့ MSF က ထောက်ပြထားပါတယ်။

အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် မြန်မာနိုင်ငံတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ MSF ‌ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖို့ အသင့် ရှိတယ်လို့ MSF က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ RSF အနေနဲ့ အရေးပေါ်တုံ့ပြန်ရေး အစီအစဥ်တွေချမှတ်ထားပြီး အရေးပေါ်ထိခိုက်ဒဏ်ရာ ကုသရေးအဖွဲ့ကို စေလွှတ်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ နယ်စည်းမထားဆရာဝန်အဖွဲ့ရဲ့ လက်ရှိ မစ်ရှင်အဖွဲ့ခေါင်းဆောင် Federica Franco က ပြောပါတယ်။

“ဒါအတွက် သွားရောက်ခွင့်ရဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ချက်ချင်းလိုအပ်နေသူတွေအတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ တကယ့်ကို အရေးကြီးပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ ငလျင်ဒဏ်ကြောင့် အသက်ကယ်ကျန်းမာရေး အကူအညီ ချက်ချင်းလိုအပ်နေသူတွေ၊ နားခိုရာ နေရာ ဆုံးရှုံးမှု၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု လက် လှမ်းမမှီခြင်း နဲ့ ရေက ဖြစ်ပွားတဲ့ ရောဂါ တွေကူးဆက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အဓိကဖြစ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိမှုတွေကြောင့် ထိခိုက်လွယ်သူတွေ ဖြစ်လာမယ့်လူထုအတွက် စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

(မှတ်ချက် – သတင်းနှင့်ပတ်သက်၍ “ငလျင်ဒဏ်သင့်ပြည်သူတွေကူညီဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထုတ်ပြန်”ဟု သတင်းခေါင်းစဉ် ပြင်ဆင်ချက်ပြုလုပ်ထားပါသည်။)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။