Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မြို့ Bright Kids မူကြိုကျောင်းပြိုကျမှု ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး သေဆုံး

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျမှုအတွင်း ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး အဆောက်အဦးပိ၍သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ ဒေသခံများက ပြောသည်။

ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျမှုအတွင်း ပိတ်မိသူများအား ကယ်ထုတ်နေစဉ်။ ဓာတ်ပုံ - CJ

မတ် -၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျမှုအတွင်း ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး အဆောက်အဦးပိ၍သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ ဒေသခံများက ပြောသည်။

ယမန်နေ့(မတ်လ ၂၈ ရက်)နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် နှစ်ထပ်ခွဲတိုက် မူကြိုကျောင်းအား ရှာဖွေကယ်ဆယ်မှုလုပ်ဆောင်ခဲ့ရာ အသက်ရှင်သူမရှိတွေ့ရဟု ဒေသခံများက ဆိုသည်။

ပြိုကျမှုဖြစ်စဥ်အတွင်း ပိတ်မိသေဆုံးနေသည့် ကလေးငယ် ၃၀ကျော်နှင့် ဆရာမ နှစ်ဦးရှိပြီး ယနေ့(မတ်လ ၂၉ ရက်)တွင် ကျန်ရှိနေသည့် ကလေးငယ်လေးဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကိုယ့်တူမလေးရောပါသွားတာဆိုတော့ပြီးမှဘဲပြန်လာခဲ့ရတာ။ အဖြစ်ပျက်တွေမြင်ယောင်ပြီးမအိပ်နိုင်မစားနိုင်ဘဲဗျာ”ဟု ကျောက်ဆည်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အချို့ ရုပ်အလောင်းများသယ်ထုတ်ရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများပင် မပါရှိတော့ဟု မျက်မြင် တွေ့ရှိသူတစ်ဦးကလည်း ပြောသည်။

ကျောက်ဆည်မြို့ရှိ ဆူးလေကုန်းဗလီပြိုကျမှုတွင်လည်း အစ္စလာမ်ဘာသာဝင် ၂၃ ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုနှစ်ကြိမ်ခံစားခဲ့ရသော ကျောက်ဆည်မြို့တွင် အောက်ချိုင်း၊ညောင်ခြောက်ပင်၊ပြည်လုံးနိုင် ၊ဆူးကုန်းမြောက်ပိုင်း၊ပေါက်တောနှင့် မြို့ဦး ရပ်ကွက်တို့ရှိ နေအိမ်အဆောက်အဦးအများအပြား ပြိုလဲပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။