Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ဒေသတွေအတွက် အမေရိကန်အစိုးရ ဒေါ်လာ ၂ သန်းထောက်ပံ့မယ်

ငလျင် ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေကတဆင့်အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အထိ ပံ့ပိုးကူညီပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

မြေငလျင်လှုပ်ခတ်သည်ကို USGS နှင့် Google ကထုတ်ပြန်ထားမှုနှင့် ငလျင်​ကြောင့်အပျက်အစီးများကို မတ် ၂၈ရက်က​တွေ့ရစဥ်။

မတ် -၃၀ ၊၂၀၂၅ /People’s Spring

ငလျင် ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေကတဆင့်အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အထိ ပံ့ပိုးကူညီပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအကူအညီကို မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေကတဆင့် ပံ့ပိုးကူညီပေးသွားမှာပါ။

ဒါအပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ ( USAID ) ရဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ ကလည်း မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ဟာ အရေးပေါ် နားခိုစရာ ၊အစားအသောက်၊ ဆေးဝါး နဲ့ ရေရရှိမှု အပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့ အပူတပြင်းလိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်မယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။