Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကိုင်း ငလျင်ဒိုင်ယာရီ (၂)

Scorio/People’s Spring

▪︎အမရပူရ

အမရပူရသည် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသည့် ဒေသများတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ အမရပူရမြို့တွင်းစစ်ကိုင်း-မန္တလေးလမ်းမကြီးတလျှောက် တိုက်အိုတိုက်ဟောင်းများ၊ တိုက်အသစ်များ အများအပြား ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရသည်။

အမရပူရမြို့မှ နာမည်ကျော် ဦးဂျမ်း၊ ရွှေယမင်း အစရှိသည့်ပိုးထည်တိုက်များ များစွာ ပြိုကျခဲ့သည်။ NLD အစိုးရလက်ထက် မန္တလေး ဒုမြို့တော်ဝန် ဦးရဲမွန်၏ တိုက်မှာလည်း ပြိုကျပျက်စီးသွားသည်။

Public Service Announcement

Public Service Announcement

လူအသေအပျောက်မှာလည်း လွန်စွာများပြားလှသည်။ အိမ်ပြို၍ တအိမ်တည်းမှ မိသားစုဝင် ၂ ဦးမှ ၄ ဦးအထိ ပိတ်မိသေဆုံးသည့် မိသားစုအများအပြား ရှိသည်။

အစ္စလာမ်ဘာသာကိုးကွယ်ကြသူများ၏ ဘုံးအိုးရွာတွင်လည်း ဗလီပြိုကျခြင်း၊ အဆောက်အအုံပြိုကျခြင်းများကြောင့် လူဦးရေ ရာချီ သေဆုံးခြင်းများ ရှိနေကြောင်း၊ မတ်လ ၃၀ ရက်နေ့အထိ ရုပ်အလောင်းများအား ရှာဖွေနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မိုးကုတ်ဝိပဿနာရိပ်သာ၊ စွန်းလွန်းရိပ်သာများတွင်လည်း တရားစခန်းလာရောက်ဝင်နေကြသော ယောဂီများလည်း ပြိုကျ အဆောက်အုံတွင်းပိတ်မိ၍ ထိခိုက်သေဆုံးခြင်းများရှိခဲ့သည်။

အမရပူရမြို့ရှိ သမိုင်းဝင်ကြီးလေးကြီးဘုရားများဖြစ်သော ရွှေကူကြီး၊ ပုထိုးတော်ကြီး၊ တောင်မင်းကြီးနှင့် ကျောက်တော်ကြီးဘုရားများအားလုံး ပြိုကျပျက်စီးခဲ့သည်။ ထို့အပြင် နှစ်ပေါင်းတရာကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် တရုတ်ဘုံကျောင်းမှာလည်း ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရသည်။

အမရပူရဆေးရုံတွင်လည်း ဒဏ်ရာရလူနာများ များပြားနေသည်။

ယိမ်းယိုင်သွားသောတိုက်များမှာလည်း အများအပြားရှိနေ၍ ဘေးဝန်းကျင်အိမ်များ ရွှေ့ပြောင်းနေရသည်။ ငလျင်ကြီး လှုပ်ပြီး ၃ ရက်မြောက်နေ့အထိ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာ​ရောက်လုပ်ကိုင်ခြင်း မရှိသေး​သေးဟု​ဒေသခံအချို့​ပြောသည်။

အမရပူရမြို့ရှိ ရပ်ကွက်အချို့ ငလျင်လှုပ်ခတ်ပြီး အဝီစိတွင်းရေများ လုံးဝမရတော့သည့်အခြေအနေကိုလည်း တွေ့ကြုံနေရသည်။ လျှပ်စစ်မီးများ ပြတ်တောက်နေ၍ သောက်သုံးရေ ၊ ချိုးရေကအစ အခက်အခဲများ ဖြစ်ပေါ်နေ​တော့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။