Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲမရှိသည့်နေရာများပါ အဆက်မပြတ်လေကြောင်းမှ ဗုံးကြဲနေဟု KIA ပြော

နိုင်ငံအတွင်း ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့်နေရာများကိုပါ အဆတ်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၃၀ရက် သတင်းတွင် ထည့်သွင်းဖော်ပြသည်။

၂၀၁၉ ဇန်နဝါရီ ၃၁ ရက်က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။ ဓာတ်ပုံ - AFP

မတ်-၃၁၊၂၀၂၅။ဟန်နွေ/People’s Spring

နိုင်ငံအတွင်း ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့်နေရာများကိုပါ အဆတ်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၃၀ရက် သတင်းတွင် ထည့်သွင်းဖော်ပြသည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးနှင့် ကချင်ဒေသအတွင်း စစ်ရေးအခြေအနေများကို အသိပေးစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၉ရက်နှင့် ၃၀ရက်က စစ်ကောင်စီသည် ဗန်းမော်မြို့ကို ၂ရက်ဆက်လေကြောင်းတိုက်ခိုက်ဟု KIA အသိပေးသည်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေသည့် တိုက်ပွဲ ၄လနီးပါး အတွင်း စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်ခုခံနေသည်ဟု ဆိုသည်။

နိုင်ငံတဝန်း ငလျင်ဒဏ်ကြောင့် ပူဆွေးသောကရောက်နေချိန် စစ်ကောင်စီက ဗန်းမော်၊ ရှမ်းမြောက် နောင်ချို ဒေသများအား လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေရာ ယင်းလုပ်ရပ်သည် လူသားမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီက ယခု ကချင်ပြည်နယ် ဗန်းမော်မြို့အပါအဝင် ရှမ်းမြောက်ရှိ နောင်ချိုမြို့နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်။

မြေငလျင်လှုပ်ခတ်နေချိန် မတ်လ ၂၈ရက်ကလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ဓနုတပ်မတော်(DPLA)မှ ကာကွယ်ရေးရဲဘော် ၇ဦး ကျဆုံးခဲ့ရသည်။

တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးပြုလုပ်နိုင်ရေး မတ်လ ၃၀ရက်ကစ၍ ခုခံစစ်မှအပထိုးစစ်များ နှစ်ပတ်ကြာရပ်နားမည်ဟု ကြေညာထားသည်။

သို့သော် မည်သည့်အဖွဲ့က အပစ်ရပ်ကြေညာသည်ဖြစ်စေ စစ်ကောင်စီအနေဖြင့် ဂရုစိုက်မည့်အနေအထား မတွေ့ရဟု ဦးဇော်ဆန်က ဆိုသည်။

KIA သတင်းပြန်ကြားရေးဌာနက ကချင်ပြည်နယ်၌ တပတ်အတွင်းစစ်ရေးအခြေအနေများကိုလည်း ဖော်ပြခဲ့ရာ KIA တပ်မဟာ(၉)နယ်မြေ ကားမိုင်းဒေသ မအူပင်ကျေးရွာ၌ မတ်လ ၂၅ရက်က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ခဲ့ဟု ဖော်ပြသည်။

မတ်လ ၂၅ရက်က တနိုင်းလီဒိုလမ်း လဝါးရွာ၌ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ၊ မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မတ်လ ၂၆ရက်တွင်လည်း KIA တပ်မဟာ(၅) ဆဒုံးဒေသ ဂျန်ကာကျေးရွာအနီး KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် ဖားကန့်၊ တနိုင်းလီဒိုလမ်းတလျှောက်နှင့် ပူတာအို-ဆွမ်ပရာဘွမ်လမ်းပိုင်း၊ ၀ိုင်းမော်လမြန်ဘက်များ၌ စစ်ရေးလှုပ်ရှားနေ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။