Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦး ဒူးထောက်တောင်းဆို

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod English

မတ် ၃၁၊ ၂၀၂၅။ People’s Spring

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြိုကျပျက်စီးခဲ့တဲ့ နိုင်ငံတော်စာရင်းစစ်ရုံးအဆောက်အဦးနေရာကို ဒီနေ့ မတ်လ ၃၁ရက် နေ့ခင်းပိုင်းမှာ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ရာ နိုင်ငံခြားအလုပ်သမားများ ကိုယ်စားပြုသူ အမျိုးသားတစ်ဦးက ပြိုကျအဆောက်အဦအတွင်း လက်ရှိအချိန်အထိ ပိတ်မိနေဆဲ အလုပ်သမားများကို ရှာဖွေပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။

မတ် ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဘန်ကောက်မြို့ရှိ အထပ်မြင့်အဆောက်အဦးများ ပျက်စီးမှုအချို့ ရှိခဲ့ပြီး ဆောက်လုပ်စ နိုင်ငံတော်စာရင်းစစ်ရုံးမှာ လုံးဝ ပြိုကျသွားခဲ့ပါတယ်။ အဲဒီဆောက်လက်စ အဆောက်အဦးမှာ မြန်မာအလုပ်သမားများစွာ ရှိနေခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဝန်ကြီးချုပ်က အားလုံးကို အားပေးစကားပြောကြားခဲ့ပြီး အားလုံးကို ကူညီဖို့ စွမ်းနိုင်သမျှ အားထည့်လုပ်ဆောင်နေကြောင်းနဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အစွမ်းကုန် ကူညီကယ်ဆယ်ဖို့ ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားတစ်ဦးက ထိုင်းဝန်ကြီးချုပ်ကို ငိုလျက် ဒူးထောက်အလေးအမြတ်ပြုခဲ့ပြီး ဝန်ကြီးချုပ်က ဆွဲထူ မတ်တပ်ရပ်စေကာ တစ်ဦးချင်းစီအတွက် အားတင်းထားဖို့ အားပေးစကား ပြောဆိုခဲ့ပါတယ်။

ကိုးကား – Khaosod English

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။