မတ်-၃၁၊၂၀၂၅။ သုည/People’s Spring
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် One Myanmar Community (OMC)မှ မြန်မာမိသားစုများက ဦးဆောင်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲကို ယနေ့ (မတ်လ ၃၁) ပြုလုပ်ခဲ့သည်။
အဆိုပါရန်ပုံငွေပွဲကို နံနက် ၁၁ နာရီမှ ညနေ ၆ နာရီထိ မြန်မာကွန်မြူနီတီနှင့် ယဉ်ကျေးမှု့စင်တာတွင် “လက်တွဲကူညီ၊ ကံဆိုးလွန်းပေစွ၊ တို့တိုင်းပြည်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
လာရောက်လှူဒါန်းသော အလှူရှင်များကို ကျောင်းသား၊လူငယ်များက ဂီတဖျော်ဖြေမှုများ၊ စေတနာအလှူရှင်များက အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း OMC အဖွဲ့က ဆိုသည်။

Public Service Announcement


ယင်းပွဲမှ လက်ခံရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာသုံးသောင်းရှစ်ထောင်ကျော်ကို ငလျင်ဒဏ်အဆိုးရွားဆုံးခံစားနေရသော ဒေသများထံသို့ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော ကယ်ဆယ်ရေး အဖွဲ့အစည်းများအား တိုက်ရိုက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း OMC အဖွဲ့က ဖော်ပြခဲ့သည်။
ဓာတ်ပုံ – OMC


















































