Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တွင် MNDAAနှင့် ရဲဘော်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု နားလည်မှုလွဲမှားခြင်းဟု TNLA ရှင်းလင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)မှ ရဲဘော်အချင်းချင်း ယနေ့(ဧပြီ၁ရက်)က ခိုက်ရန်ဖြစ်ပွားမှုသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း TNLAက ရှင်းလင်းချက် ထုတ်ပြန်သည်။

ဧပြီ ၁၊၂၀၂၅။ ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)မှ ရဲဘော်အချင်းချင်း ယနေ့(ဧပြီ၁ရက်)က ခိုက်ရန်ဖြစ်ပွားမှုသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း TNLAက ရှင်းလင်းချက် ထုတ်ပြန်သည်။

ဧပြီ ၁ရက် နံနက်ပိုင်းတွင် MNDAA မှ ရဲဘော်များက ငလျင်ဘေးအတွက် အလှူငွေကောက်ခံသည့် နေရာသို့ TNLA ရဲတပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာပြီးနောက် ခိုက်ရန်ဖြစ်ပွားသည့် ရုပ်သံ လူမှုကွန်ရက်၌ ပြန့်နှံ့ခဲ့သည်။

“ကိုးကန့်နဲ့ ပလောင်နဲ့ ရန်ဖြစ်နေတာ။ ကိုးကန့်တွေ အလှူငွေကောက်တဲ့ဟာကို ပလောင်တွေက လာသိမ်းခိုင်းလို့ အဲဒါ ရန်ဖြစ်နေကြတာ”ဟု ရုပ်သံရိုက်ကူးသူက ပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ TNLAက ယနေ့ နေ့လည်ပိုင်း၌ ရှင်းလင်းချက်ထုတ်ပြန်ရာ ယနေ့နံနက် ၁၁နာရီခန့်က ကွတ်ခိုင်မြိုလယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တအာင်းပြည် ရဲတပ်ဖွဲဝင်များနှင့် ကိုကန့်တပ်ဖွဲဝင်တို့အကြား နားလည်မှုလွဲမှားပြီး အချိန်အနည်းငယ်ငြင်းခုံမှု ဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

ကြီးမားသည့်ပြဿနာ မဟုတ်ဘဲ ရဲဘော်အကြား ဘာသာစကား မပေါက်၍ နားလည်မှုလွှမှားခြင်းသာ ဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

မဟာမိတ်ကိုးကန့်တပ်ဖွဲဝင်များသည် အင်အားအလုံးအရင်းဖြင့် ပြည်ထောင်စုကားလမ်းမအား ပိတ်ဆိုပြီး ဖြတ်သွားလာသည့် ကားများ ရပ်စေပြီး အလှူငွေကောက်ခံရာ တအာင်းပြည်ရဲတပ်ဖွဲ ယာဉ်ထိန်းဌာန တာဝန်ရှိသူတစ်ဦးမှ PSLF/TNLA လူကြီးခရီးစဉ်ရှိသည်ဖြစ်၍၊ လူကြီးလည်း ရောက်ခါနီးနေပြီ ဖြစ်သည့်အတွက် ခေတ္တလမ်းဖွင့်ပေးပါရန် သွားရောက်ညှိနှိင်းပြောဆိုရာမှ ဘာသာစကား မပေါက်သည့်အတွက် နှစ်ဖက်တပ်ဖွဲများအကြား အနည်းငယ်အငြင်းအခုံဖြစ်ပွားခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုသို့ဖြစ်ပွားပြီးနောက် နှစ်ဖက်တာဝန်ရှိသူများမှ ညှိနှိင်းဖြေရှင်းရာ ပြေလည်မှုရရှိပြီဟုလည်း ထုတ်ပြန်သည်။

တအာင်းဒေသမြိုနယ်တိုင်းတွင် ပြည်သူလူထုများ တတ်အားသမျှ ငလျင်ဘေးသင့်လူထုအား ကူညီဖေးမနိုင်ရန် တတ်ကြွစွာ ဆောင်ရွက်နေကြသည်ဟုလည်း TNLAက ဆိုသည်။

ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် TNLAက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယင်းဒေသတွင်း၌ ကချင်တပ် KIA၊ ကိုးကန့်တပ် MNDAA အပါအဝင် TNLA၏ မဟာမိတ်တပ်ဖွဲ့များလည်း ရှိရာ မြေပြင်တွင် မဟာမိတ်အချင်းချင်းအကြား နယ်ဆိုင်ရာ ပြဿနာအငြင်းပွားမှုများ မကြာခဏရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။