Connect with us

Hi, what are you looking for?

သတင်း

မန္တလေး စိန်ပန်းမှာ ငလျင်လှုပ်ချိန် မီးလောင်မှု လူနေအိမ် ၇၀၀ ကျော် ပြာကျ၊ လူဦးရေ ၃၅၀၀ ကျော် အကူအညီများ လိုအပ်နေ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် မီးထလောင်လို့ လူနေအိမ် ၇၀၀ ကျော် ပြာကျခဲ့ပြီး လူဦးရေ ၃၅၀၀ ကျော် အကူအညီများ လိုအပ်နေပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မီးလောင်ခဲ့သည့် သဲကုန်းရပ်ကွက်မှ လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Scorpio

ဧပြီ ၁၊ ၂၀၂၅။ Scorpio/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် မီးထလောင်လို့ လူနေအိမ် ၇၀၀ ကျော် ပြာကျခဲ့ပြီး လူဦးရေ ၃၅၀၀ ကျော် အကူအညီများ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် သဲကျင်းရပ်မှာ ငလျင်လှုပ်ခတ်ရာကနေ မြေကြီးထဲက မီးတွေထွက်လာပြီး အိမ်ခြေ ၇၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငလျင်လှုပ်တော့ မြေကြီးထဲကနေ မီးလုံးကြီးတွေတက်လာတာ။ တရပ်ကွက်လုံးအကုန်ကုန်တာပဲ။ ဘာမှမရလိုက်ကြဘူး”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးဒဏ်သင့်ဒေသများပြားနေတဲ့အတွက် အကူအညီတွေလည်း ကောင်းကောင်းမရသေးဘဲ စားဝတ်နေရေးခက်ခဲနေတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေက ပြောပြပါတယ်။

မန္တလေးမှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ပြည်သူတွေထိတ်လန့်နေပြီး အကူအညီများလည်း လိုအပ်နေပါတယ်။ ဒါ့အပြင် ငလျင်ကြောင့်အဆောက်အဦးပြိုကျတဲ့အထဲ ပိတ်မိသူတွေကို ငါးရက်မြောက်လာသည်အထိ ကယ်ဆယ်ရေးအဖွဲ့အချို့နဲ့ ပြည်သူတွေ ကိုယ်ထူကိုယ်ထ ရှာဖွေနေရဆဲဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။