ဧပြီ ၁၊ ၂၀၂၅။ Scorpio/People’s Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် မီးထလောင်လို့ လူနေအိမ် ၇၀၀ ကျော် ပြာကျခဲ့ပြီး လူဦးရေ ၃၅၀၀ ကျော် အကူအညီများ လိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် သဲကျင်းရပ်မှာ ငလျင်လှုပ်ခတ်ရာကနေ မြေကြီးထဲက မီးတွေထွက်လာပြီး အိမ်ခြေ ၇၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငလျင်လှုပ်တော့ မြေကြီးထဲကနေ မီးလုံးကြီးတွေတက်လာတာ။ တရပ်ကွက်လုံးအကုန်ကုန်တာပဲ။ ဘာမှမရလိုက်ကြဘူး”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ငလျင်ဘေးဒဏ်သင့်ဒေသများပြားနေတဲ့အတွက် အကူအညီတွေလည်း ကောင်းကောင်းမရသေးဘဲ စားဝတ်နေရေးခက်ခဲနေတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေက ပြောပြပါတယ်။
မန္တလေးမှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ပြည်သူတွေထိတ်လန့်နေပြီး အကူအညီများလည်း လိုအပ်နေပါတယ်။ ဒါ့အပြင် ငလျင်ကြောင့်အဆောက်အဦးပြိုကျတဲ့အထဲ ပိတ်မိသူတွေကို ငါးရက်မြောက်လာသည်အထိ ကယ်ဆယ်ရေးအဖွဲ့အချို့နဲ့ ပြည်သူတွေ ကိုယ်ထူကိုယ်ထ ရှာဖွေနေရဆဲဖြစ်ကြောင်း သိရပါတယ်။


















































