Connect with us

Hi, what are you looking for?

သတင်း

ဘင်းစတက် ညီလာခံတက်ဖို့ ဘန်ကောက်ကို စစ်ကောင်စီခေါင်းဆောင် ရောက်ရှိ

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ ရောက်ရှိနေပါတယ်။

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ ရောက်ရှိနေပါတယ်။

ဧပြီ ၃ ရက်နေ့က လေဆိပ်မှာ သူ့ကို ထိုင်းအလုပ်သမား ဝန်ကြီး ဖိုင်ဖက် ရတ်ချာကစ်ပရန်ကန်က လာရောက် ကြိုဆိုခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားတရားရုံးက ပြီးခဲ့တဲ့​ဖေ​ဖော်ဝါရီလ၁၃ ရင်​နေ့မှာ မင်း​အောင်လှိုင်ကို ဖမ်းဝရမ်း

ထုတ်ပြီး ၊ ICC မှာ ၂၀၂၄ နိုဝင်ဘာလက မင်း​အောင်လှိုင်ကို ဖမ်းဝရမ်းထုတ်​ပေးဖို့ တရားလို​ရှေ့​နေက ​လျှောက်ထား အပြီးအာဏာသိမ်း​ခေါင်း​ဆောင်ဟာထိုင်းကို ပထမဆုံးအကြိမ်ပြန်​ရောက်လာတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင် ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ငလျင်ကြီး လှုပ်ခတ်အပြီး လူပေါင်း ထောင်နဲ့ချီ သေကြေပျက်စီးနေတဲ့ အခြေအနေမှာ ဘန်ကောက်ကို အစည်းအဝေး သွားတက်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ စစ်ကောင်စီဟာ ပြည်သူတွေ ငလျင်ဘေးသင့်နေတဲ့ ကာလမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ စစ်ကောင်စီဟာ ရက်ပေါင်း ၂၀ အပစ်ရပ်ထားမယ်လို့ ကြေညာပြီး အဲဒီနောက်စစ်ကောင်စီခေါင်းဆောင်ဟာ ဆဋ္ဌမ အကြိမ်မြောက် ဘင်းစတက် ညီလာခံ တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။

သူ့ကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားတဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ထိုင်းပြည်သူတွေကြားမှာလည်း ဝေဖန်စရာ ဖြစ်ခဲ့ပြီး ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် အနေနဲ့ အဲဒီဆုံးဖြတ်ချက်အတွက် အသေအချာ ရှင်းပြဖို့လိုကြောင်း ပြောကြားထားပါတယ်။

ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ဘင်းစတက် ထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ပါဝင်ခွင့် ရတာဟာ အိမ်ရှင် ထိုင်းနိုင်ငံ အနေနဲ့ ဘင်းစတက် အဖွဲ့ဝင် နိုင်ငံ ၇ ခုစလုံးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားရမယ့် ဝတ္တရားနဲ့အညီ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ဖိတ်ကြားမှုဟာ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီ အတွက် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုမျိုး ဖန်တီးပေးတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်တယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်က အစည်းအဝေး တက်ဖြစ်မယ် ဆိုတာကို ညီလာခံ မစခင် တစ်ရက် အလိုကျမှ ထိုင်းအာဏာပိုင်တွေဆီ ဆက်သွယ် အသိပေးခဲ့တာ ဖြစ်တယ်လို့လည်း နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

ထိုင်းဟာ အိမ်ရှင်နိုင်ငံရဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းခဲ့တာသာ ဖြစ်ကြောင်း၊ ဘင်းစတက် ဆိုတာဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အင်အားစု တစ်ခုဆိုတာကို မမေ့သင့်ဘဲ အဖွဲ့ဝင် နိုင်ငံတစ်ခုခု မပါဘူး ဆိုတာနဲ့တင် ညှိနှိုင်းလုပ်ဆောင်မှုတွေ၊ သဘောတူညီချက်တွေက ပြည့်စုံတော့မှာ မဟုတ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန်နဲ့ စစ်ကောင်စီခေါင်းဆောင် ကြား သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ၊ သဘောတူညီချက်တွေ ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့တော့ ထိုင်းအစိုးရက တရားဝင် အတည်ပြုတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် မြန်မာရဲ့ လိုအပ်ချက်တွေကို ထိုင်းဖက်က စုံစမ်းမေးမြန်းတာတော့ ရှိနိုင်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။ နောက်ပြီး ကျားဖြန့် ပြဿနာကိုလည်း နှစ်နိုင်ငံ ညှိနှိုင်းအဖြေရှာဖို့ ထိုင်းက လိုလားကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲ ကိစ္စကတော့ အကြောင်းအရာ တစ်ခုအဖြစ် ပါဝင်လာနိုင်ခြေ မရှိကြောင်း နစ်ခွန်ဒက်ဂျ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား – Thai Enquirer ၊ ဓာတ်ပုံ – The Reporters

ဆက်စပ်သတင်းများ

အတွေးအမြင်

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။ ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook