Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့နယ် နန်ဇံရွာမီးရှို့မှု စစ်ကောင်စီလက်ပါးစေ ZRA တာဝန်ခံရမည်ဟု CNF ထုတ်ပြန်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် နန်ဇံကျေးရွာကို စစ်ကောင်စီ၏ လက်ပါးစေ ဇိုမီးတပ် (ZRA)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၈၀ပျော် မီးလောင်ပျက်စီးခဲ့ရာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ZRA တာဝန်ခံစေရမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၇ရက်) ထုတ်ပြန်သည်။

ဧပြီ ၇၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် နန်ဇံကျေးရွာကို စစ်ကောင်စီ၏ လက်ပါးစေ ဇိုမီးတပ် (ZRA)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၈၀ပျော် မီးလောင်ပျက်စီးခဲ့ရာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ZRA တာဝန်ခံစေရမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၇ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်ပါးစေ ZRAက ဧပြီ ၃ရက်တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်ထားသည့် တွန်းဇံမြို့ကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်၏ ခုခံတိုက်ခိုက်မှုကြောင့် ZRA တပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ၎င်းတို့ အပြန်လမ်းတွင် နန်ဇံ (Nakzang) ကျေးရွာရှိအပြစ်မဲ့ပြည်သူနေအိမ် အိမ်ခြေ (၈၀) ကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ မီးရှို့ခဲ့သည့် ZPCC/ZRA အဖွဲ့က ဖြစ်စဉ်ကို ဖုံးကွယ်ရန် ဧပြီ ၅ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်ကောင်စီအဖွဲ့ဝင်များအပေါ် ရှေ့နောက်မညီသည့် မဟုတ်မမှန်စွပ်စွဲမှုများ လုပ်ဆောင်လာကြောင်း CNFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ZPCC၏ ထုတ်ပြန်ချက်တွင် တွန်းဇံတိုက်ပွဲအတွင်း CNF ပူးပေါင်းတပ် ရှုံးနိမ့်ခဲ့ပြီး လူသားဒိုင်းအဖြစ် အသုံးပြုကြောင်း အပါအဝင် စွပ်စွဲမှုများ လုပ်ဆောင်ထားရာ CNFက ယနေ့တွင် ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

နေအိမ်မီးရှို့ဖြတ်ဆီးခံရသော နန်ဇံကျေးရွာသားများသည် ချင်းပြည်အစိုးရ စိုးမိုးထားသော လွတ်မြောက်နယ်မြေ တစ်နေရာတွင် ခိုလှုံလျက်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိဟု CNFက အသိပေးထားသည်။

မြန်မာပြည်တစ်ပြည်လုံး ငလျင်ဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ အရေးပေါ်အခြေအနေရောက်ရှိနေသည့် အချိန်တွင် တစ်ဖက်သက် အပစ်ခတ်ရပ်ဆိုင်းထားမှုကို အခွင့်ကောင်းယူပြီး ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် (လုံးဝ) လက်ခံ/သည်းခံနိုင်စရာမရှိသည့်အတွက် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဟုလည်း CNFက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ZRA သည် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းလျက်ရှိပြီး ချင်းအမျိုးသားတပ်ဦးနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့၏ စစ်ဆင်ရေးများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားရန် အကြိမ်ကြိမ်ကြိုးပမ်းလာခဲ့ဟုဆိုသည်။

လက်ရှိတွင် ZRA တပ်ကို စစ်ကောင်စီတပ်က လက်နက် ခဲယမ်းများ၊ ဒရုန်းများ တပ်ဆင်ပေးပြီး တွန်းဇံကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။

“ကျနော်တို့ကတော့ အခုကတော့ တွန်းဇံမြို့ကို သူတို့ မသိမ်းနိုင်အောင် တပ်အင်အားတွေ ဘာတွေ ကောင်းကောင်းဖြည့်ထားပါတယ်။ ကျနော်တို့က ငလျင်ဒဏ်ကြောင့် ကျနော်တို့ ပြည်သူတွေ အထောက်အပံ့ပြုဖီု့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အချိန်မှာ အဲဒီလို လာလုပ်တာကတော့ တကယ့်အကြမ်းဖက်တဲ့ လုပ်ရပ်ပါ”ဟု ဆလိုင်းထက်နီက ZRAက တွန်းဇံမြို့ကို တိုက်ခိုက်လာသည့် အပေါ်မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။