Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မှာ PDF ဇိုလဲန်း တိုက်ခိုက်မှုကြောင့် စစ်တပ်နဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

(PDF ဇိုလဲန်း က ရဲဘော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF Zoland)

ဇူလိုင်-၂၃၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၁ရက်က တီးတိန်မြို့နဲ့ ကနေဒီတောင် ကြား ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးခဲ့သူ ၆ဦးရှိပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သေဆုံးသူတွေထဲမှာ ZRA တပ်ဖွဲ့ဝင် ၃ဦး ပါဝင်ကြောင်း ZRAက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ဆင်ရေးသည် PDF Zoland နဲ့ အကြမ်းဖက်စစ်တပ်ကြားမှ တိုက်ပွဲတစ်ခုသာဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်” လို့ PDF ဇိုလဲန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်ထံသို့ ဇူလိုင် ၂၂ရက်က ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ချက်အတိုင်းသာဖြစ်တယ်လို့ ပြောပါတယ်။

PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး တီးတိန်မြို့နယ်အတွင်း မှာ စစ်ကောင်စီအထိနာအောင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ၂၀၂၅နှစ်ကုန်ပိုင်းက ချင်းမြောက်ပိုင်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာချိန်တုန်းကလည်း PDF ဇိုလဲန်းဟာ ချင်းညီနောင်တပ်တွေနဲ့သာမက ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ပါ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့တာရှိပါတယ်။

တဖက်မှာ ဇိုမီးတပ် ZRAဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ အရင်ကလည်း ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။

အဲဒီ ZRA တပ်ဖွဲ့နဲ့ပတ်သက်ပြီး ZFU/PDF ဇိုလဲန်း တပ်ဖွဲ့က မတ်လ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ Zomi Revolutionary Army-Eastern Command(ZRA-EC) ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဖော်ပြကာ ZRA ဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ရည်မှန်းချက်တွေကို ကိုယ်စားပြုတဲ့ တော်လှန်ရေးအင်အားစုအဖြစ် သတ်မှတ်လို့ မရဘဲ သူတို့ရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီ လက်ပါးစေ ဖြစ်သွားပြီလို့ အသိပေးထားပါတယ်။

ZRAဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကို တိုက်ခိုက်ခဲ့ဖူးတာမျိုးမရှိပဲ တော်လှန်ရေးအဖွဲ့တွေကိုသာ တိုက်ခိုက်ခဲ့ဖူးသလို ၊ စစ်တပ်နဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ ကာလရှည် သတင်းထွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

CCအဖွဲ့ဝင် ချင်းတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “ZRA eastern Command က အရင်ကတည်းက စကမ နဲ့ ပူးပေါင်းထားတဲ့ အဖွဲအစည်းဆိုတော့ စကမ ခိုင်းသမျှ လုပ်နေတာ ဘာမှ ပြောစရာ မရှိပါဘူး”လို့ ZRA ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မတ်လ အတွင်းမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook