Connect with us

Hi, what are you looking for?

သတင်း

PSLF/TNLA နှင့် KIO/KIA ဆွေးနွေးပွဲအတွက်စတင်ညှိနှိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးလိုက်သည်။

ရှမ်းပြည်နယ်​မြောက်ပိုင်းတ​နေရာတွင် ၂၀၁၄ ခုနှစ်က KIA နှင့် TNLA တပ်ဖွဲ့ဝင် နှစ်ဦးကိုအတူ​တွေ့ရစဥ်။ ဓါတ်ပုံ-Getty Images

ဧပြီ-၉၊၂၀၂၅။ဟန်​နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးလိုက်သည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ရှမ်းမြောက်ရှိ နမ့်ဖက်ကာ၊ မန်တုံအပါအဝင် ဒေသအချို့၌ TNLA နှင့် KIA တပ်ဖွဲ့ဝင်များအကြား ပြဿနာ ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ နှစ်ဖက် အောက်ခြေတပ်မှူးများ တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း မပြေလည်​သေးသဖြင့် ဗဟိုအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆောင်ရွက်နေသည်ကို ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဧပြီ ၉ရက်တွင် လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။

“မေတ္တာရပ်ခံခြင်း” ဟု ခေါင်းစဉ်တပ်ကာ KIOနှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပါပြီ၊ သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန် နှင့် Onlineသုံးစွဲသူများမီဒီယာများအကြံပေးထောက်ပြလိုသူများ ထံမှလည်း အပြုသဘော ဆောင်သော ကူညီပံ့ပိုးမှု များကို မျှော်လင့်ပါသည် ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

KIO ဗဟိုအဆင့်ခေါင်းဆောင်၏ ဆွေးနွေးပွဲ အ
သိပေးချက်နှင့်ပတ်သက်၍ မေးမြန်းရန် PSLF/TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး ဆက်သွယ်မရသေးပေ။

ဗိုလ်ချုပ်ဂွန်မော်၏ ဖော်ပြချက်အောက်တွင် လူမှုကွန်ရက် အသုံးပြုသူအချို့က ဆွေးနွေးပွဲ အ
ကောင်းဆုံးရလဒ်များ ရရှိပါစေ ဆုတောင်းသည့် မှတ်ချက်များ ဝင်ရောက်ရေးသားထားသည်ကိုလည်းတွေ့ရသည်။

“အချင်းချင်း ပဋိပက္ခ ဖြေရှင်းရာမှာ စံပြတွေပါ။ အတုယူစရာပါ KIOနှင့် PSLFတို့”ဟုလည်း Salai Thang Paing ဆိုသူက ရေးသားထားသည်။

KIOနှင့် TNLA နှစ်ဖွဲ့လုံးသည့် မဟာမိတ်စာချုပ်ချုပ်ဆိုထားသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်ကောင်စီတပ်စခန်းရာချီ နှင့် မြို့များစွာကို သိမ်းပိုက်ထားနိုင်သည်အထိ အောင်ပွဲများ ရရှိထားသည်။

သို့သော် ၂၀၂၄ မှစ၍ ရှမ်းမြောက်၌ နှစ်ဖက်တပ်ဖွဲ့များအကြား နယ်မြေဆိုင်ရာအငြင်းပွားမှုနှင့်ပတ်
သက်၍ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မဟာမိတ်အချင်းချင်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ တအာင်းတပ်မတော်(PSLF/TNLA) နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဝန်ထမ်း စုံတွဲ ၁၆တွဲကို စုပေါင်းထိန်းမြားမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

တော်လှန်ရေးတိုက်ပွဲတွေမှာစည်းလုံးညီညွတ်လက်တွဲကြဖို့ဖိတ်ခေါ်၊ စစ်အုပ်စုရွေးကောက်ပွဲ ပြည်တွင်းစစ် အရှုပ်ဖြေရှင်းနိုင်ဖို့ ပိုဝေးစေမယ်လို့ သတိပေး

Facebook