Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး၊စစ်ရေးကြောင့် မင်္ဂလာပွဲမလုပ်ရသေးတဲ့ စုံတွဲ၁၆တွဲကို KIOက စုပေါင်းလက်ထပ်ပွဲ ကျင်းပပေး

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဝန်ထမ်း စုံတွဲ ၁၆တွဲကို စုပေါင်းထိန်းမြားမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇန်နဝါရီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဝန်ထမ်း စုံတွဲ ၁၆တွဲကို စုပေါင်းထိန်းမြားမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၇ရက်မှာ KIOအစိုးရ မြောက်ပိုင်းတိုင်း အုပ်ချုပ်ရေးကော်မတီက တာဝန်ယူ ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ကြောင်း မင်္ဂလာဆောင်နှင်းပွဲ အခမ်းအနားမှတ်တမ်းပုံတွေ ဖော်ပြ အသိပေးထားပါတယ်။

နိုင်ငံရေး၊စစ်ရေး အခြေအနေ အမျိုးမျိုးကြောင့် ထိန်းမြားမင်္ဂလာပွဲ မပြုလုပ်နိုင်တဲ့ KIO အစိုးရ ဝန်ထမ်းအိမ်ထောင်တွေကို တရားဝင် ခရစ်ယာန်အိမ်ထောင်တွေ ဖြစ်လာဖို့ ထိမ်းမြားလက်ထပ်ပေးခြင်းဖြစ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခမ်းအနားကို KIO/KIA တာဝန်ရှိသူတွေအပြင် ရပ်မိရပ်ဖတွေက တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

KIO/KIA အနေနဲ့ တိုင်းဒေသကြီး ၄ခု သတ်မှတ် ထားပြီး မြောက်ပိုင်းတိုင်းဟာ ဧရာ၀တီမြစ်ဆုံ အထက်ပိုင်းဒေသဖြစ်ကာ KIA တပ်မဟာ(၁)နဲ့ တပ်မဟာ(၇)နယ်မြေတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

KIO/KIA အနေနဲ့ အရင်ကလည်း အခုလိုပဲ တပ်ဖွဲ့ဝင်တွေကို စုပေါင်းမင်္ဂလာဆောင်နှင်းပွဲတွေကို ကျင်းပပြုလုပ်ပေးလေ့ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ – The Kachin Net

ဆက်စပ်သတင်းများ

သတင်း

မဟာမိတ်အချင်းချင်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ တအာင်းတပ်မတော်(PSLF/TNLA) နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

တော်လှန်ရေးတိုက်ပွဲတွေမှာစည်းလုံးညီညွတ်လက်တွဲကြဖို့ဖိတ်ခေါ်၊ စစ်အုပ်စုရွေးကောက်ပွဲ ပြည်တွင်းစစ် အရှုပ်ဖြေရှင်းနိုင်ဖို့ ပိုဝေးစေမယ်လို့ သတိပေး