Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နှင့် ကောလင်းမြို့နယ်ရှိစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

အင်း‌တော်မြို့ကို ဆုံးရှုံးပြီး‌နောက် တပ်မမှူးပါအဖမ်းခံထားရသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်း‌တော်၊ကောလင်းနှင့် ဝန်းသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့ (ဧပြီ ၁၀ရက်) နေ့လယ်ပိုင်းတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ကောလင်းမြို့နယ်ရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်း ပျက်စီးနေသည်ကို ယနေ့(ဧပြီ ၁၀ရက်)က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

အင်း‌တော်မြို့ကို ဆုံးရှုံးပြီး‌နောက် တပ်မမှူးပါအဖမ်းခံထားရသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်း‌တော်၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့ (ဧပြီ ၁၀ရက်) နေ့လယ်ပိုင်းတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ကောလင်းမြို့နယ်ရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်သည်။

ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းနှင့် ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာကို နေ့လယ် ၁နာရီ ၄၀မိနစ်တွင် လေကြောင်းမှ တိုက်ခိုက်သွားခြင်းဖြစ်သည်။

” အင်ပင်လှက စာသင်ကျောင်း ရှိတယ်။ ကျောက်ပါးစပ်က မနေ့က လေကြောင်းတိုက်တဲ့ နမ်းခမ်းရွာနားက။ မနေ့က တိုက်တာကို ကယ်ဆယ်ရေးတောင် အကုန်မလုပ်နိုင်သေးဘူးလာပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်ပင်လှကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အင်းတော်မြို့ကို ဧပြီ ၇ရက်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီ၏ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးထားသည်။ ထို့နောက် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်နေပြီး ယမန်နေ့က ဝန်းသိုမြို့နယ်ရှိ နမ်းခမ်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၄ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ကောလင်း၊ ဝန်းသိုနှင့် အင်းတော်တနယ်လုံး ဂရုစိုက်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့ စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်း အများအပြား တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။