Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နှင့် ကောလင်းမြို့နယ်ရှိစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

အင်း‌တော်မြို့ကို ဆုံးရှုံးပြီး‌နောက် တပ်မမှူးပါအဖမ်းခံထားရသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်း‌တော်၊ကောလင်းနှင့် ဝန်းသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့ (ဧပြီ ၁၀ရက်) နေ့လယ်ပိုင်းတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ကောလင်းမြို့နယ်ရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်း ပျက်စီးနေသည်ကို ယနေ့(ဧပြီ ၁၀ရက်)က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

အင်း‌တော်မြို့ကို ဆုံးရှုံးပြီး‌နောက် တပ်မမှူးပါအဖမ်းခံထားရသည့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အင်း‌တော်၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့ (ဧပြီ ၁၀ရက်) နေ့လယ်ပိုင်းတွင် ဝန်းသိုမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ကောလင်းမြို့နယ်ရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်သည်။

ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းနှင့် ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာကို နေ့လယ် ၁နာရီ ၄၀မိနစ်တွင် လေကြောင်းမှ တိုက်ခိုက်သွားခြင်းဖြစ်သည်။

” အင်ပင်လှက စာသင်ကျောင်း ရှိတယ်။ ကျောက်ပါးစပ်က မနေ့က လေကြောင်းတိုက်တဲ့ နမ်းခမ်းရွာနားက။ မနေ့က တိုက်တာကို ကယ်ဆယ်ရေးတောင် အကုန်မလုပ်နိုင်သေးဘူးလာပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်ပင်လှကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အင်းတော်မြို့ကို ဧပြီ ၇ရက်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီ၏ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးထားသည်။ ထို့နောက် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်နေပြီး ယမန်နေ့က ဝန်းသိုမြို့နယ်ရှိ နမ်းခမ်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၄ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ကောလင်း၊ ဝန်းသိုနှင့် အင်းတော်တနယ်လုံး ဂရုစိုက်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook