Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းတောင်ရောက်ရှိနေစဉ် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိနေစဉ် ရွာငံ – အောင်ပန်း လမ်းမတနေရာတွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံလိုက်ရသည်။

ပစ်ခတ်ခံရသည့် ဗိုလ်ကြီးမျိုးဇော်သန်းထံမှ သိမ်းရသော လက်နက်နှင့် ပစ္စည်းများ။ ဓာတ်ပုံ - DSNDA

ဧပြီ ၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိနေစဉ် ရွာငံ – အောင်ပန်း လမ်းမတနေရာတွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံလိုက်ရသည်။

ရွာငံမြို့တွင် တာဝန်ကျနေသည့် ဗိုလ်ကြီးမျိုးဇော်သန်းသည် ယနေ့(ဧပြီ ၁၁ရက်)နံနက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို ကားဖြင့်ဖြတ်စဉ် အစစ်ဆေးမခံဘဲ ထွက်ပြေး၍ ပစ်ခတ်စဉ် သေဆုံးသွားခြင်းဟု ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA)က သတင်းထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ (ဧပြီ ၁၁ရက်)နံနက်တွင် ငလျင်ဘေးသင့်သူများအား တွေ့ဆုံရန်ဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနှင့် ဟိုပုံးမြို့သို့ ရောက်ရှိနေသည်။

Public Service Announcement

Public Service Announcement

၎င်း၏လုံခြုံရေးအတွက် စစ်ဆေးရေးအလွန်တင်းကျပ်ထားစဉ် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်သည်။

ရွာငံမြို့သည် စစ်ကောင်စီ ခေါင်းဆောင်ရောက်ရှိနေသည့် တောင်ကြီးမြို့နှင့် မိုင်(၄၀)ခန့်သာဝေးပြီး အောင်ပန်းမြို့သည် မိုင်(၂၀)ကျော်သာဝေးသည်။

” သူရောက်နေတုန်းဖြစ်တာဆို‌တော့ ဂမူးရှူးထိုးဖြစ်နေပြီ။ တပ်ထဲ အကုန်မိုးမီးလောင်နေပြီ”ဟု တောင်ကြီးမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီခေါင်းဆောင်က ယနေ့နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မျက်နှာပေးဆူပုတ်နေကြောင်း အစည်းအဝေးတက်ခဲ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူတွေ မင်းအောင်လှိုင်ကိုအားကောင်းကောင်းနဲ့ ထောက်ခံနေကြပြီလို့ လူကာရှန်ကိိုဆို

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။

သတင်း

မင်း​အောင်လှိုင်က ဧရာဝတီတိုင်းရေ​ကြီးတာကို​ပြောပြီး စစ်ကိုင်းတိုင်း​ရေကြီးတာကိုချန်လှပ်​ပြော