Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းတောင်ရောက်ရှိနေစဉ် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိနေစဉ် ရွာငံ – အောင်ပန်း လမ်းမတနေရာတွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံလိုက်ရသည်။

ပစ်ခတ်ခံရသည့် ဗိုလ်ကြီးမျိုးဇော်သန်းထံမှ သိမ်းရသော လက်နက်နှင့် ပစ္စည်းများ။ ဓာတ်ပုံ - DSNDA

ဧပြီ ၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိနေစဉ် ရွာငံ – အောင်ပန်း လမ်းမတနေရာတွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံလိုက်ရသည်။

ရွာငံမြို့တွင် တာဝန်ကျနေသည့် ဗိုလ်ကြီးမျိုးဇော်သန်းသည် ယနေ့(ဧပြီ ၁၁ရက်)နံနက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို ကားဖြင့်ဖြတ်စဉ် အစစ်ဆေးမခံဘဲ ထွက်ပြေး၍ ပစ်ခတ်စဉ် သေဆုံးသွားခြင်းဟု ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA)က သတင်းထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ (ဧပြီ ၁၁ရက်)နံနက်တွင် ငလျင်ဘေးသင့်သူများအား တွေ့ဆုံရန်ဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနှင့် ဟိုပုံးမြို့သို့ ရောက်ရှိနေသည်။

Public Service Announcement

Public Service Announcement

၎င်း၏လုံခြုံရေးအတွက် စစ်ဆေးရေးအလွန်တင်းကျပ်ထားစဉ် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်သည်။

ရွာငံမြို့သည် စစ်ကောင်စီ ခေါင်းဆောင်ရောက်ရှိနေသည့် တောင်ကြီးမြို့နှင့် မိုင်(၄၀)ခန့်သာဝေးပြီး အောင်ပန်းမြို့သည် မိုင်(၂၀)ကျော်သာဝေးသည်။

” သူရောက်နေတုန်းဖြစ်တာဆို‌တော့ ဂမူးရှူးထိုးဖြစ်နေပြီ။ တပ်ထဲ အကုန်မိုးမီးလောင်နေပြီ”ဟု တောင်ကြီးမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီခေါင်းဆောင်က ယနေ့နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မျက်နှာပေးဆူပုတ်နေကြောင်း အစည်းအဝေးတက်ခဲ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့မှု သတင်းဓာတ်ပုံ မလေးရှားဝန်ကြီးချုပ် ထုတ်ပြန်ခြင်းမရှိ၊ NUG နဲ့ အွန်လိုင်းတွေ့ဆုံမှုကို သတင်းဓာတ်ပုံ ထုတ်ပြန်

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

■​ကျောက်တုံးကြီးပြုတ်ကျမည်ကို ​ဒေသခံများစိုးရိမ်​နေ ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring စစ်ကိုင်းငလျင်ဒဏ်‌ကြောင့် လူနေရပ်ကွက်အတွင်း ပြိုကျမည့်အန္တရာယ်ရှိနေသော ကျောက်ဆည်မြို့ရှိ စေတီတည်ထားသော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲကွန်ကရစ်‌လောင်း၍ ထိန်းသိမ်းရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသွားသည်။ ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက်သေတ္တာ)သည် မတ်လ ၂၈ရက်က...