Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သံဃာတော်နှင့် ဥပုသ်စောင့်သူအချို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ (ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့် သင်္ကြန်ကာလ ဥပုသ်စောင့်နေသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒီပဲယင်းမြို့နယ် ၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ဒီပဲယင်း ပကဖ

ဧပြီ ၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ (ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့် သင်္ကြန်ကာလ ဥပုသ်စောင့်နေသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

တော်လှန်ရေးအင်အားစုများ လုံးဝမရှိသည့် ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – ဒီပဲယင်း ပကဖ

တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး သံဃာတော်နှင့် ကိုရင်များအပါအဝင် သင်္ကြန်တွင်း ဥပုသ်သီလယူရန် ရောက်ရှိနေသော သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟို ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့သည် တန်ခူးလပြည့်နေ့ဖြစ်သည်။

ထိခိုက်၊ပျက်စီးမှုအခြေအနေများအား စုံစမ်းစစ်ဆေးနေပြီး ဆက်လက်ထုတ်ပြန်မည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက၂၀၂၄ ဩဂုတ် ၁၅ ရက်ကစတင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၈ရက်တွင် တမြို့လုံးကိုသိမ်းပိုက်နိုင်ခဲ့‌သည်။ သို့သော် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။စစ်ကောင်စီသည် ဒီပဲယင်းမြို့မရဲစခန်း၊ အထကကျောင်းနှင့် နေရာတချို့၌ တပ်စွဲထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။