Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယပြည်နယ်တစ်ခု နဲ့ နီပေါ မှာမိုးကြိုးမုန်တိုင်းတွေကြောင့်တစ်ပတ်အတွင်း လူ ၇၀ နီးပါးသေဆုံး

မိုးကြိုးမုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုနဲ့ အိမ်နီးချင်း နီပေါနိုင်ငံထဲမှာတစ်ပတ်အတွင်းလူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဧပြီ-၁၃၊၂၀၂၅။ People’s Spring

မိုးကြိုးမုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုနဲ့ အိမ်နီးချင်း နီပေါနိုင်ငံထဲမှာတစ်ပတ်အတွင်းလူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဧပြီ ၁၂ ရက်နေ့မှာနှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့ ကြေညာချက်အရ အိန္ဒိယရဲ့ ဘီဟာပြည်နယ်နဲ့ နီပေါနိုင်ငံ အတွင်းမှာ မိုးကြိုးပစ်တာတွေ၊ မိုးကြိုးမုန်တိုင်းနဲ့ ဆက်စပ်တဲ့ အခြေအနေတွေအတွင်း လူ ၆၉ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါဟာပျမ်းမျှ တစ်နေ့ကို လူ ၁၀ ယောက်လောက် ရာသီဥတုကြောင့် သေဆုံးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အိန္ဒိယမှာ ရုတ်တရက် ရေကြီးမှုတွေ၊ မိုးကြိုးပစ်မှုတွေကြောင့် နှစ်စဉ် လူတွေထောင်နဲ့ချီ သေဆုံးနေကြောင်း၊ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ဟာနောက်ဆက်တွဲပိုမိုကြမ်းတမ်းတဲ့ရာသီဥတုဖြစ်စဉ် အလှည့်အပြောင်းတွေကို ကြုံလာစေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ထောက်ပြ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဘီဟာပြည်နယ် မိုးလေဝသဌာန တာဝန်ရှိသူတွေက ဧပြီ ၁၁ ရက်နေ့ထိ တစ်ပတ်တာအတွင်း မိုးကြိုးပစ်တာတွေ၊ မိုးကြိုးမုန်တိုင်းတိုက်ခတ်တာတွေကြောင့် လူ ၆၁ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ပြောပါတယ်။နီပေါဖက်မှာတော့တူညီတဲ့ကာလအတွင်း၈ဦးအသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဘီဟာ ပြည်နယ်မှာ လာမယ့် သီတင်းပတ်တွေထိ မိုးသည်းသည်းထန်ထန် ဆက်လက် ရွာသွန်းနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနကလည်းကြေညာထားပါတယ်။

မနှစ်တုန်းက အိန္ဒိယ တစ်နိုင်ငံလုံးမှာ စုစုပေါင်း လူ ၁၉၀၀ နီးပါးလောက်ထိ မိုးကြိုးပစ်လို့ သေဆုံးခဲ့ရပါတယ်။စာရင်းတွေအရ၁၉၆၇ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကြိုပစ်လို့ အိန္ဒိယမှာ စုစုပေါင်း လူ ၁၀၁၃၀၉ ဦးသေခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၂၀ အတွင်းမှာ အကြိမ်ရေ သိသိသာသာ ပိုတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား- CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...