Connect with us

Hi, what are you looking for?

သတင်း

ငလျင်ခြောက်အိပ်မက် နဲ့ မန္တလေးသင်္ကြန်အကြိုနေ့

နေအိမ်ခြံဝင်းတခုပေါ်ကအတာအိုး/ ယ​နေ့ထပ်ပြိုသွား​​သော အ​ဆောက်အအုံအချို့။ ဓါတ်ပုံ-CJ ၊ Scorpio

ဧပြီ-၁၃၊၂၀၂၅။ဟာနာဆန်/People’s Spring

ကမ္ဘာ့ကပ်​​ရောဂါကိုဗစ်19၊ အာဏာသိမ်းကာလ ၄ နှစ်နဲ့ အာဏာသိမ်းထားတုန်း ငလျင်ပါထပ်လှုပ်တဲ့ ၂၀၂၅ သင်္ကြန်ကာလနဲ့ပါ ထပ်ပေါင်းရင် သင်္ကြန်စစ်စစ် မဖြစ်တာ ၆ နှစ်ရှိခဲ့ပါပြီ။

ဒီနေ့ မန္တလေးသင်္ကြန်အကြိုနေ့မှာတော့ နေအိမ်တချို့မှာ သိကြားမင်းကြိုထားတဲ့ အတာအိုးတချို့တွေ့ရတယ်။ အိမ်ပေါက်စေ့တော့ မကြိုနိုင်ကြတော့ပါဘူး။

ဥပုသ်သီတင်းသီလစောင့်ဖို့ ပြိုလဲအက်ကွဲနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေဆီ သွားသူတွေလည်း ရှိတယ်။ ပြိုပျက်နေတဲ့အဆောက်အဦးတွေနားမှာ ကလေးတချို့တလေ ရေပက်နေတာကလွဲလို့ သင်္ကြန်ဆိုတာ အားလုံးမေ့လျော့နေကြတယ်။

Public Service Announcement

Public Service Announcement

မနက် ၈ နာရီ ၅၅ မိနစ်မှာတော့ ငလျင်လှုပ်တယ်။ မိတ္ထီလာမြို့အနီးကို ဗဟိုပြုလှုပ်တဲ့ ငလျင်လို့ဆိုတယ်။ ပြင်းအား ၅.၅အဆင့်ရှိတယ်လို့ ဆိုတယ်။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နှစ်ပတ်ကျော်အကြာ ပြင်းအားအများဆုံး လှုပ်ခတ်တဲ့ ငလျင်ပါ။

နေအိမ်တွေပေါ် ပြန်မတက်ရဲသေးတဲ့ မန္တလေးသူ မန္တလေးသားတွေအတွက် ဒီကနေ့မနက်ပိုင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ သူတို့ကို လမ်းပေါ်မှာနေကြဦးလို့ ဆိုလိုက်သလိုပါပဲ။ ဒါ့အပြင် မန္တလေးမြို့ထဲက ပြိုလုလု တိုက်တချို့လည်း ဒီနေ့မနက်ငလျင်မှာ ထပ်ပြိုလဲသွားခဲ့တယ်။ မဖြိုဖျက်ရသေးတဲ့၊ ယိုင်နေတဲ့တိုက်တွေ အများအပြား ရာနှုန်းပြည့်မဖြိုဖျက်ရသေးတာကြောင့် ပြည်သူတွေ စိုးရိမ်မှုတွေ ပြန်မြင့်တက်လာခဲ့ပါတယ်။

မန္တလေးဟာ နေ့ခင်းမှာ ကြွပ်ကြွပ်ပူအောင် ပူပြင်းနေပြီး ကယ်ဆယ်ရေးစခန်းတွေရောက်နေတဲ့ပြည်သူတွေ အပူဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတယ်။ ဒါ့အပြင် မိုးကသည်းသည်းမည်းမည်းရွာချလိုက်တာကြောင့် ညဘက်အိပ်စက်ဖို့ပါ အခက်အခဲတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။