Connect with us

Hi, what are you looking for?

သတင်း

ကနီကို စစ်ကောင်စီ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၄ရက်) သင်္ကြန်အကျနေ့ နံနက် ၇နာရီခန့်မှစ၍ ဂျက်ဖိုက်တာ၊ Y12အပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက် သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

၂၀၁၉က မကွေးမြို့အနီးတွင် ပြုလုပ်သည့် စစ်ကောင်စီ​၏ ကြည်းတပ်၊ လေတပ်ပူးပေါင်းစစ်‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်နေစဉ်။ဓာတ်ပုံ - AFP

ဧပြီ ၁၄၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၄ရက်) သင်္ကြန်အကျနေ့ နံနက် ၇ နာရီခန့်မှစ၍ ဂျက်ဖိုက်တာ၊ Y12 အပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက် သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

ကနီမြို့နယ်၊ မုဌောနှင့် နတ်ကြီးကျေးရွာကို ပစ်မှတ်ထားပြီး ဆက်တိုက်ဗုံးကြဲနေခြင်းဟု ‌ဒေသခံတစ်ဦးက ပြောသည်။

” တောက်လျှောက်ကြီး ပစ်နေတာပါ။ လက်ရှိသိရသလောက် တစ်ဦးသေတယ်။ ကျတော့် တူမလေးပါ။ အခုလည်း ပါရာမိုတာထပ်တက်လာပြီ” ဟု ဒေသခံတစ်ဦးက ယနေ့နံနက် ၉နာရီတွင် ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး အခြားထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်ပြုလုပ်နေသည်။

ယမန်နေ့ သင်္ကြန်အကြိုနေ့က စစ်ကိုင်းတိုင်းအတွင်း ကောလင်းနှင့် ဝန်းသိုမြို့၊ ချင်းပြည်နယ် မင်းတပ်မြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။