Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် လီဒိုလမ်းအနီး KIAနှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၁၅၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၁၃ရက် နံနက်က စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းအနီးရှိ လဝါးကျေးရွာသို့ ထိုးစစ်ဆင်လာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။

“စကစနဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအဲဒီ နှစ်ဖွဲ့လှုပ်ရှားနေတာ။ သူတို့က လဝါးရွာကို သူတို့က သုံးပုံက မီးရှို့လိုက်ပြီ အဲဒီ မင်းဇေသန့်အဖွဲ့တွေက။ တိုက်ပွဲက ဒီနေ့တော့ နှစ်နေရာဖြစ်နေတယ်။” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လဝါးကျေးရွာ တိုက်ပွဲဖြစ်စဉ် နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ဒေသသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်း အင်အား ၃၀၀ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဧပြီ ၁၃ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားခဲ့ဟု သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ ဧပြီ ၁၄ရက်တွင် ပြောထားသည်။

ယင်းဒေသသည် KIA တပ်မဟာ(၂) တပ်ရင်း(၂၀) နယ်မြေဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် ကိုယ်တိုင်ထုတ်ပြန်ထားသည့် အပစ်ရပ်ကြေညာမှုကို စည်းဖောက်ခြင်းဖြစ်ကြောင်း KIA ဘက်က ပြောဆိုထားသည်။

ပြီးခဲ့သည့် တပတ်အတွင်း စစ်ကောင်စီက KIA နယ်မြေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၅၀၀ နီးပါး ပြုလုပ်ခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဧပြီ ၁၃ရက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။